အခန်း၁၇၅

1.1K 152 4
                                    

ကျီဖန်ယင်းသည် အချိန်ကိုအရမ်းကို တိကျပါသည်။ သူမ၏ တက္ကစီသည် ညနေ၆နာရီ ထိုးခါနီးတွင် ဘိုင်ကျိုး၏တိုက်ခန်းသို့ ရောက်ရှိ​တော့မည်ဖြစ်သည်။ အလုပ်မစခင် သူမရဲ့အားလပ်ချိန်များတွင် ဖုန်းကိုထုတ်ကာ အသိ​ပေးချက်များကို စစ်ဆေးခဲ့ပါတယ်။ ချန်ယွမ်ရှန်းက သူမထံ မက်ဆေ့ချ်ပို့ထားသည်ကို သူမ သတိပြုမိလိုက်သည်။

ချန်ယွမ်ရှန်းက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် မတွယ်ကပ်တော့ဘူးဟု ပြောခဲ့ပြီး၊ သူ၏စကားအတိုင်းလည်း တကယ်လုပ်ခဲ့ပါတယ်။ သူသည် ကျီဖန်ယင်းကို နေ့တိုင်းမက်ဆေ့ချ်များစွာ မပို့တော့ဘဲ စိတ်ဝင်စားဖွယ် သတင်းများနှင့် အဖြစ်အပျက်များရှိမှသာ သူမကို လာမျှဝေ​တော့သည်။ ထို့အပြင် ကျီဖန်ယင်းကိုလည်း သူ့မက်ဆေ့ချ်များကို တုံ့ပြန်ရန် ဖိအားမပေးတော့ပေ။

ကျီဖန်ယင်းသည်လည်း သူပို့လိုက်တဲ့ ချစ်စရာကောင်းတဲ့ ဗီဒီယိုများကြောင့် မကြာခဏဆိုသလို ရယ်မောနေရတတ်တယ်။

ရိုးရိုးသားသားပြောရရင် သူ့စာတွေက စိတ်ဖိစီးမှုများကို သက်သာစေပါသည်။

သို့သော် ဒီတစ်ကြိမ်မှာတော့ သူ့မက်ဆေ့ချ်ထဲတွင် 'ဘိုင်ကျိုး'ဟူသော စကားလုံးပါနေတာကြောင့် သူမ ဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီတစ်​ခေါက်ရော ဘိုင်ကျိုးဘာလုပ်ပြန်ပြီလဲ။

ချန်ယွမ်ရှန်းက မေးခွန်းတစ်ခုမေးထားသည် [အစ်မ၊ ဘိုင်ကျိုးနဲ့ ရင်းနှီးလား။]

ကျီဖန်ယင်းသည် သူမ၏မှတ်ဉာဏ်များကို ပြန်စဉ်းစားခဲ့သည်။

ချန်ယွမ်ရှန်းနှင့် သူမသည် ဘတ်စ်ကားမှတ်တိုင်တွင် ပထမဆုံးအကြိမ်တွေ့ဆုံခဲ့တာဖြစ်သည်။ ဘိုင်ကျိုးက သူမတို့ စကားဝိုင်းတစ်ဝက်တွင် ရောက်လာခဲ့ပေမဲ့လည်း ဦးထုပ်ဆောင်းထားခဲ့တာကြောင့် မျက်နှာတစ်ဝက်လောက်ကို မမြင်ရပေ။

သူတို့ သုံးယောက် ဒုတိယအကြိမ်တွေ့ဆုံခဲ့တာကတော့ ရှော့ပင်းမောလ်မှာ ရေခဲမုန့်စားတုန်းကပါ။ ထိုအချိန်က သူမ၏အလုပ်ချိန်ပြင်ပဖြစ်ခဲ့တာကြောင့် ဘိုင်ကျိုးကို နည်းနည်းလေးမှ ဂရုမစိုက်ခဲ့ပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now