အခန်း၁၈၇

1K 138 1
                                    

မွန်းတည့်ပြီး သိပ်မကြာခင်မှာပဲ ကျီဖန်ယင်းဆီသို့ မစ္စစ်ဘိုင်ရဲ့ အတွင်းရေးမှုးဆီမှ ဖုန်းဝင်လာသည်။

"မစ္စကျီ၊ မဒမ်မုန့်က မစ္စနဲ့ ညစာစားချင်ပါတယ်တဲ့။ မစ္စ အဆင်ပြေတဲ့အချိန်လေး တစ်ချက်လောက် ပြောပေးလို့ရမလား။" အတွင်းရေးမှူး၏ အပြောအဆိုမှာ အတော်လေး ယဉ်ကျေးသည်။

မစ္စစ်ဘိုင်၏ နဂိုမျိုးရိုးနာမည်မှာမုန့်ဖြစ်သည်။ အမျိုးသမီးတစ်ဦးဖြစ်သော်လည်း စီးပွား​ရေးလောကတွင် နာမည်ကောင်းရှိတာကြောင့် ညစာစားဖို့နေနေသာသာ သူမနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလိုက်လျှင်တောင် လူအများစုက စိတ်လှုပ်ရှားနေမှာပဲဖြစ်သည်။

ကျီဖန်ယင်းက ဒါကိစ္စကို ကြိုပြီး မျှော်မှန်းထားပြီးသားဖြစ်တာမို့ မအံ့သြမိခဲ့​ပေ။ သူမက အရင် "ကျွန်မ အခု တစ်နာရီခွဲလောက်အားတယ်။ ပြီးရင် ဂျပန်ကို တခါတည်း သွားရတော့မှာဆိုတော့ အခုတွေ့လို့ရလား။"

"မဒမ်မုန့်​ရဲ့ အစီအစဉ်က ပြည့်ကျပ်နေတာဆိုတော့ အချိန်ဇယား​တွေကို ပြန်ညှိလို့မရလောက်ဘူး။" အတွင်းရေးမှူးသည် ကျီဖန်ယင်း၏ အကြံပြုချက်ကို ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။

ကျီဖန်ယင်းက "ကံမကောင်းလိုက်တာ။ ကျွန်မ အဲ့မှာ သဘက်ခါအထိ အလုပ်ရှုပ်မှာဆိုတော့ ညစာစားဖို့ကို အဲဒီအချိန်အထိ ရွှေ့ဆိုင်းမှရတော့မှာပဲ။"

ငါလည်း အလုပ်များတဲ့ လူပါပဲ။ ဒီနေ့ လီ​ရှောက်ရှင်း၊ မနက်ဖြန် စုန့်ရှီးယွီနဲ့ သသက်ခါကျ ဘိုင်ကျိုးနဲ့တွေ့ရမှာ။

ကျီရှင်းရှင်းကလည်း မနက်ဖြန်ပြန်လာမှာဆိုတော့ သူ့ကို စောင့်ကြည့်ရဦးမယ်။

အတွေ့အကြုံရှိသော အတွင်းရေးမှုးက ဒီကိစ္စကို စဉ်းစားကာ "မစ္စ ခဏလောက် ဖုန်းကိုင်ထားပေးလို့ရမလား" လို့ ပြောလာခဲ့သည်။

ကျီဖန်ယင်းသည် အချိန်အကြာကြီးစောင့်ပေးဖို့တော့ အဆင်ပြေပါသည်၊ အတွင်းရေးမှူးရဲ့ သဘောထားကြောင့် သူသည် ​ဆိုဖာပေါ်မှ ယုံကြည်မှုရှိရှိ မတ်တပ်ထရပ်ကာ သူမ၏အိတ်နဲ့ သော့ကို ယူလိုက်ပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now