အခန်း၁၇၉

1K 149 2
                                    

"ဒါက ကျွန်မရဲ့ပိုင်ဆိုင်မှုတွေထဲကပါ။ လက်ရှိတွင် ယွမ်သန်းတစ်ရာလောက် တန်ကြေးရှိပါတယ်။ ကျွန်မရဲ့ရှေ့နေနှင့် ဖြေရှင်းစရာရှိတာတွေ အကုန်ဖြေရှင်းပြီးသွားပြီးမလို့ ရှင်ဒီမှာ လက်မှတ်ထိုးလိုက်တာနဲ့ ဒါကရှင့်အပိုင်ဖြစ်သွားပါပြီ။ ကျွန်မရဲ့ ရိုးသားမှုသင်္ကေတပါ။

"ရှင်ရဲ့သဘောတူညီချက်ကို ကျွန်မလက်ခံလိုက်တယ်ဆိုရင် ကျွန်မကို ဘာလုပ်ခိုင်းမှာလဲ။" လိမ္မော်သီးတစ်ခြမ်းကို စားရင်း ကျီဖန်ယင်းက မေးလိုက်သည်။ "ဘိုင်ကျိုးရဲ့အမေနဲ့ ဆက်ဆံရတာ မလွယ်လောက်ဘူး။"

"မစ္စစ်ဘိုင်ကိစ္စကို မင်းစိတ်ပူစရာမလိုဘူး။ ကျွန်မ သူ့ကို ​ဖြေရှင်းမှာပါ။" အမျိုးသမီးကြီးက တည်ငြိမ်စွာ ပြန်ဖြေသည်၊ "မင်းက အခုလုပ်နေတာတွေကို ဆက်လုပ်နေရုံပါပဲ၊ ဖြစ်နိုင်ရင် ဘိုင်ကျိုး မင်းအပေါ် ပိုနစ်မြောလာအောင် လုပ်ပေးပါ။ သူ့မှာရှိသမျှကို မင်းအတွက်သုံးခိုင်းလိုက်ပါ။ ဒါကရိုးရှင်းတယ်ဆိုတော့ မင်းလုပ်နိုင်မှာပါ။"

"ဒါဆိုငွေကရော။"

အမျိုးသမီးကြီးက ဆံပင်ကို နားရွက်နောက်မှာညှပ်လိုက်ကာ ရက်ရက်ရောရော ကမ်းလှမ်းသည် "ဘိုင်ကျိုး မင်းကို ပေးသလောက် ပေးပါမယ်။ ဆိုလိုတာက မင်းပိုက်ဆံနှစ်ဆရမှာပါ။ ဘယ်လိုလဲ။"

ဒါက မြေခွေးမလောကထဲကို ဝင်ဖို့ အခွင့်အရေးရောက်လာတာလား။ ဒါပေမယ့် အခွင့်အရေးရောက်လာတာနဲ့ပဲ ရအောင်ယူဖို့မလိုဘူး။

"မင်းကျွန်မကို ချက်ချင်းအဖြေ​ပေးစရာ မလိုပါဘူး။ စဉ်းစားဖို့ အချိန်ယူလို့ရပါတယ်။" ဟု အမျိုးသမီးကြီးက ပြောသည်။ "မစ္စကျီဖန်ယင်း မင်းကို ရက်နည်းနည်းကြာရင် ဖုန်းဆက်လိုက်မယ်။"

စာရွက်စာတမ်းဖိုင်တွဲကို စားပွဲပေါ်တင်ကာ မတ်တပ်ရပ်လိုက်ပြီး သူမ၏စကတ်ကို သပ်ရပ်အောင် ပြင်လိုက်သည်။

ကျီဖန်ယင်းက သူမကို ကြည့်ပြီး "ကျွန်မ ဒီကိစ္စကို သူများတွေကို ပြောပြမှာကို စိတ်မပူဘူးလား။"

"ဘယ်​သူ့ကို​ပြောမှာလဲ" အမျိုးသမီးကြီးက တိုးတိုးလေးရယ်ပြီး "ဘိုင်ကျိုး? သူဒီကိစ္စကို မိဘတွေကို ပြောပြရဲပါ့မလား။ မစ္စတာဘိုင်၊ မစ္စစ်ဘိုင်? တောင်းပန်ပါတယ်၊ ဒါပေမယ့် မစ္စကျီဖန်ယင်းက သူတို့ဆီ ဆက်သွယ်နိုင်မယ်လို့ ကျွန်မ မထင်ဘူး။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now