အခန်း၃၀

2.6K 307 6
                                    

ဘိုင်ကျိုးသည် အရက်မူးနေပြီး ဆိုင်ကယ်မ​မောင်းနိုင်သဖြင့် ဝန်ထမ်းခေါ်ရန် အချိန်အနည်းငယ်​ကြာဦးမည်ဖြစ်သည်။

ရွေးစရာလမ်းမရှိတော့တာကြောင့် မောက်မာစွာဖြင့် ကျီဖန်ယင်းကို လျစ်လျူရှုပြီး စုန့်ရှီးယွီနှင့်သာ စာရင်းရှင်းရန်လုပ်ခဲ့သည်။

စုန့်ရှီးယွီက ဆိုဖာပေါ်မှာ အိပ်နေစဉ် ဘိုင်ကျိုးက သူ့မျက်နှာပေါ် ရေအေးတစ်ခွက်ကို မညှာမတာ ပက်လိုက်ပါတယ်။ စုန့်ရှီးယွီသည်  ချက်ချင်းပင် မျက်လုံးဖွင့်လိုက်သော်လည်း အရက်ရှိန်ကြောင့် သတိသိပ်မကပ်တုန်းပင်။ သူ၏မျက်နှာပေါ်ရှိ ရေများကို သုတ်လိုက်ပြီး စိုစွတ်နေသော ဆံပင်များကို အနောက်သို့ သပ်လိုက်ကာ "ရှင်းရှင်းရော" ဟု အလိုလိုမေးသည်။

"မမက ပဲရစ်မှာဆိုတာ မသိလို့လား။" ဟု ဘိုင်ကျိုးက လှောင်ပြောင်လိုက်သည်။

စုန့်ရှီးယွီသည် သူ့ကို အချိန်မရွေး ထရိုက်​တော့မည့်ပုံပေါ်နေသော ဘိုင်ကျိုးကို မော့ကြည့်ကာ ပုံမှန်အတိုင်းပင်  "မင်းသိသွားပြီပေါ့။ ကျန်တဲ့သူတွေ ခဏအပြင်ထွက်နေကြဦး။ ငါသူနဲ့ သီးသန့်ပြောစရာစကားရှိလို့။"

သူ၏စကားက သူတို့နှစ်ယောက် ရန်ပွဲဖြစ်မည်ကို စိုးရိမ်စွာ တံခါးဝနားတွင် ထိတ်လန့်စွာ ရပ်နေသော မန်နေဂျာနှင့် စားပွဲထိုးကို ရည်ရွယ်ပြောလိုက်ခြင်းဖြစ်သည်။

မန်နေဂျာက စားပွဲထိုးကို အမြန်ခေါ်သွားကာ သူတို့နောက်က တံခါးကိုပါ ပိတ်ခဲ့ပေးလိုက်သည်။

ထို့ကြောင့် အခန်းထဲတွင် စုန့်ရှီးယွီနှင့် ဘိုင်ကျိုးတို့သာကျန်ခဲ့တော့သည်။

စုန့်ရှီးယွီသည် နှေးကွေးစွာဖြင့် စတင်ပြောဆိုခဲ့သည်၊ "လူတွေက အထီးကျန်တယ်လို့ ခံစားရတဲ့အခါ အိမ်မွေးတိရစ္ဆာန်တွေကို မွေးတတ်ကြတယ်။ အဲ့လိုပဲ ရှင်းရှင်းမရှိတဲ့အချိန် လွမ်းတာဖြေဖို့ ကျီဖန်ယင်းကိုသုံးနေတာ။ မင်းလည်း သူ့မျက်နှာကိုလည်း မြင်ဖူးတာပဲ။ အမွှာတွေ တော်တော်များများက ကြီးလာတာနဲ့ ရုပ်ရည်တွေ မတူကြတော့ပေမဲ့ သူတို့နှစ်ယောက်ကတော့ ချွတ်စွပ်တူနေကြတုန်းပဲလေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now