အခန်း၁၆၈

1K 141 2
                                    

ကျယ်လောင်သော 'ဂွက်' ဟူသော အသံဖြင့် ဖုန်းကျသွားသည်။

ကျီဖန်ယင်းသည် သူများ၏စိတ်ကို နှိပ်စက်ပြီးမှသာ စိတ်ထဲအေးချမ်းလာခဲ့သည်။

ကျီရှင်းရှင်းဟာ ပထမဆုံးအကြိမ်အဖြစ် သူမရဲ့မျက်နှာဖုံးကိုချွတ်ပြီး ပေါက်ကွဲခဲ့တာဖြစ်ပါသည်။ အချစ်ကြောင့်လား၊ အမုန်းကြောင့်လား၊ ဒါမှမဟုတ်ရင် မနာလိုမှုနှင့် အကြောက်တရားတွေရဲ့ကြားထဲမှ သွေးသားဆက်နွယ်မှုကြောင့်လား။

ဘာပဲဖြစ်ဖြစ် ကျီဖန်ယင်းသည် ဂရုမစိုက်ပေ။ သူမသည် 'ကျီဖန်ယင်း'ကိုယ်စား ဘယ်သူ့ကိုမှ ခွင့်လွှတ်​ပေးပိုင်ခွင့်မရှိပေ။

ဒီအခိုက်အတန့်တွင် သူမသည် ဘိုင်ကျိုး၏တိုက်ခန်းအောက်ဆုံးထပ်တွင် တက္ကစီကို စောင့်နေသည်။ ဘိုင်ကျိုးက သူမကို နောက်ကျနေတာကြောင့် အိမ်ပြန်ပို့ပေးမယ်ဟု ပြောခဲ့ပေမယ့် သူမသည် ကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါသည်။

စဉ်းစားကြည့်ရင် ကျီရှင်းရှင်းရဲ့ဖုန်းက တကယ်ကို ပြီးပြည့်စုံတဲ့အချိန်မှာ ရောက်လာတာပါ။ ဆယ်မိနစ်​လောက်သာစောပြီး ဖုန်းခေါ်လာရင် သူမဖုန်းကိုင်နိုင်မည်မဟုတ်ပေ။

ကျီရှင်းရှင်းက ငါတို့နောက်ဆုံးစကားပြောခဲ့သည့်အချိန်တုန်းကတောင် ငါ့အကြောင်းကိုရှုပ်ထွေးနေတုန်းပဲ။ ဘယ်လိုလုပ် ရုတ်တရက် သိသွားတာပါလိမ့်။

ငါထင်တာ စောစောက ဂိမ်းထဲက အဖြစ်အပျက်လည်း အနည်းနဲ့အများ ပါလောက်တယ်၊ ငါဘိုင်ကျိုးနဲ့ တွေ့​နေတာကို သူသိတယ် ဆိုရင်တောင်... အာ၊ အဲဒီ စားသောက်ဆိုင်က ဗီဒီယိုလည်းရှိ​သေးတယ်။ ဒါပေမယ့် အဲဒါကိုမြင်ပြီး ငါသူ့ငါးဖမ်းလုပ်ငန်းထဲ ရောက်လာပြီလို့ ခန့်မှန်းရင်တောင် ငါက ကူးပြောင်းလာတဲ့လူလို့ ကောက်ချက်မချနိုင်သေးဘူး။

ဒီအချိန်အတွင်း သူက နောက်ထပ်အရေးကြီးတဲ့ သတင်းတစ်ခုကို ရထားလောက်တယ်။

ပြီးတော့ သူ့ရဲ့စကားတွေထဲမှာ ငါက သူ့ထက် မြင့်မြတ်မနေဘူးလို့ ပြောတယ်။ တကယ်လို့ ဒီစကားတွေက ငါ့အလုပ်ကို ပြောတာဆိုရင်...

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now