အခန်း၆၉

1.9K 274 2
                                    

ကျီဖန်ယင်းက "နင်ဆေးရုံသွားသင့်တယ်" သာမိုမီတာ ထိပ်ဖျားကို သုတ်ရင်း ပြောလိုက်သည်။

စုန့်ရှီးယွီ ခေါင်းယမ်းလိုက်သည်။ "ဟင့်အင်း။"

"ဒီတိုင်းခန့်မှန်းတာပါ" ကျီဖန်ယင်းက ရေရွတ်ကာ တုံ့ပြန်လိုက်သည်။

သူမဝယ်လာတဲ့ထဲဲမှ အဖျားကပ်ခွာကို ထုတ်ပြီး စုန့်ရှီးယွီရဲ့ နဖူးပေါ် ကပ်ပေးလိုက်သည်။ သူမ၏ကိုယ်ပိုင်လက်ရာကို သဘောကျတာကြောင့် အမှတ်တရ ဓာတ်ပုံရိုက်ရန် တွေးလိုက်သည်။

စုန့်ရှီးယွီအတွက် သေချာပေါက် ရှက်စရာကောင်းတဲ့ သမိုင်းဖြစ်မှာပဲ။

"ကျီဖန်ယင်း" စုန့်ရှီးယွီက နောက်တစ်ကြိမ်ထပ်ခေါ်သည်။

"မမ ဒီမှာ မရှိဘူးလေ။ ရှီးယွီ၊ အဖျားကြောင့် သတိမကပ်ဘူးဖြစ်နေတာလား။ မမနဲ့ နောက်တစ်ခေါက် ထပ်မှားရင် တကယ်စိတ်ဆိုးမှာ​နော်" ကျီဖန်ယင်းသည် အဖျားကျဆေးရဲ့ ညွှန်ကြားချက်ကို ဖတ်ရင်း ညင်သာစွာ ပြောလိုက်ပါသည်။

"ကျီဖန်ယင်း မင်းကိုယ့်လိုမျိုး တခြားသူတွေကို ဂရုစိုက်​ပေးမှာမဟုတ်ဘူး ဟုတ်တယ်မလား။" စုန့်ရှီးယွီသည် သူမပြောသည်ကို မကြားချင်ယောင်ဆောင်ကာ ဆက်ပြောနေသည်။

ကျီဖန်ယင်းက သူ၏စကားများကိုကြားလိုက်ချိန် အရမ်းအံ့သြသွားကာ သူ့ကို ကြည့်လိုက်သည်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ နားလည်သွားသည်။

ဩော်၊ ဒါက 'ငါမလိုချင်ရင်တောင်မှ တခြားသူတွေ ယူလို့မရဘူး' ဆိုတဲ့ နာမည်ကြီးစိတ်ဖြစ်ရမယ်။

ဒါကြောင့် ကျီဖန်ယင်းက ကျီရှင်းရှင်းရဲ့ လေသံကိုသုံးပြီး "နင်ငါ့မမနဲ့ ဘယ်တုန်းက ဒီလောက်​တောင် ရင်းနှီးသွားတာလဲ။ နင်တို့နှစ်ယောက် အရင်က စကားတခွန်းတောင် မပြောကြဘူးလေ။"

အဖျားတက်နေသော စုန့်ရှီးယွီသည် တိတ်ဆိတ်သွားတယ်။

သူ့အတွေးတွေကို သေချာမစီမံနိုင်ဖြစ်နေပြီး "ကိုယ် ဒီနေ့ ကျီဖန်ယင်းကို မလိုချင်ဘူး" အချိန်အနည်းငယ်ကြာပြီးနောက် ဖြည်းညှင်းစွာ  "ကျီဖန်ယင်းကို လိုချင်တယ်"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now