အခန်း၆၂

2K 277 2
                                    

ထိုညတွင် ကျီဖန်ယင်းသည် ရုပ်ရှင်လုပ်ငန်းမှ အဆက်အသွယ်များကို အောင်မြင်စွာ ချဲ့ထွင်နိုင်ခဲ့ပြီး စန်းရှန်းရန်နှင့် တွေ့ခဲ့ကာ၊ အဖေကျီနှင့် အမေကျီတို့ကိုလည်း အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့သည်။

ဒါပေမယ့် အ​မြတ်ဆုံးကတော့ သူမဟာ စိတ်လှုပ်ရှားစရာ ရုပ်ရှင်တစ်ကားကို ကြည့်ရှုခဲ့ခြင်းပဲ ဖြစ်ပါသည်။

အိမ်သို့အပြန်လမ်းတွင် ရွှင်လန်းစွာဖြင့် သူမ၏သုံးသပ်ချက်ကို အမြန်ရေးခဲ့သည်။ သူမသည် သေချာပြန်စစ်ဆေးပြီး တင်ဖို့သာကျန်တော့သည်။

အိမ်သို့ရောက်ရှိသွားသောအခါတွင် လက်ထောက်နှစ်ဦးသည် သူမ တိုက်ခန်းအဆောက်အအုံထဲ ဝင်သွားတာကိုပါ ကြည့်ပြီးမှ ပြန်သွားကြသည်။

ကျီဖန်ယင်း အိမ်ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်သည့်အရာမှာ ရေချိုးပြီး သူမရဲ့ရုပ်ရှင်သုံးသပ်ချက်တွေကို အမြန်တည်းဖြတ်တာပါပဲ။ အကုန်ကျေနပ်တာနဲ့ သူမသည် အိပ်ရာမဝင်ခင် လိုင်း​ပေါ်တင်လိုက်တယ်။ ထိုအချိန်တွင် ဆယ့်တစ်နာရီခွဲသာသာရှိသေးသည်။

ရုံမတင်မီကတည်းက ပရိုမိုးရှင်းကြောင့် ရုပ်ရှင်သည် နာမည်​ကြီးနေပြီး ကျီဖန်ယင်း၏သုံးသပ်ချက်သည် လျင်မြန်စွာ အာရုံစိုက်ခံခဲ့ရသည်။ သိပ်မကြာမှာပင် နာမည်ကြီးပိုစ့်တစ်ခုဖြစ်လာသည်။

အချစ်ဝတ္ထုတစ်ပုဒ်သည် ရောင်းအားအကောင်းဆုံးဖြစ်ရန် ခက်ခဲသကဲ့သို့ ရုပ်ရှင်ကို မspoilမိဘဲ ရုပ်ရှင်သုံးသပ်ချက်ကို ရေးသားရန်လည်း လွယ်ကူသည်မဟုတ်ပေ။ သို့သော်လည်း ကျီဖန်ယင်း၏ သုံးသပ်ချက်သည် ရုပ်ရှင်ထက် အခြားအနုပညာလက်ရာတစ်ခုကို ဖန်တီးနေသကဲ့သို့ပင် စိတ်လှုပ်ရှားကာ သည်းထိတ်ရင်ဖိုဖြစ်စေသည်။

အင်တာနက်အသုံးပြုသူအများအပြားသည် သူမ၏သုံးသပ်ချက်ကိုဖတ်ပြီးနောက် ရုပ်ရှင်ကို ပိုမျှော်လင့်လာခဲ့ကြတော့သည်။

ထိုညတွင် ဟဲရှန် ပါဝင်သရုပ်ဆောင်ထားသော 'ရေများ၏အောက်တွင်' ရုပ်ရှင်အတွက် ကြိုတင်လက်မှတ်များ သည် ဆယ်သန်းကျော် ရောင်းနိုင်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now