အခန်း၁၄၂

1.2K 158 1
                                    

ကျီဖန်ယင်းသည် ခရစ္စမတ်နေ့တွင် အလုပ်လုပ်သည်မှာ အပို​ငွေကြောင့်သာ ဖြစ်သည်။

သြော် ပန်းချီပြန်ရောင်းဖို့လည်းပါသေးတယ်။

ကျီဖန်ယင်းသည် ပန်းချီကားကို ထည့်လို့ရနိုင်မည့် ကြီးမားသည့် အိတ်ကြီးတစ်လုံးကို ဗီရိုထဲမှထုတ်လာခဲ့သည်။ သူမသည် အစကတည်းက ပန်းချီကိုဖွင့်မကြည့်ခဲ့တာကြောင့် ထုတ်ပိုးတဲ့စက္ကူကုန်စရာမလိုတော့ပေ။

ငါမှ ဒီပန်းချီကို နားမလည်တာကို။

သူမသည် သူမ၏အိတ်ထဲတွင် ငရုတ်ကောင်းဖြန်းဆေးကို သေချာထည့်ကာ အနီးစပ်ဆုံး ရဲစခန်းကိုလည်း အမြန်ဖုန်းခေါ်ဆိုနိုင်ရန်လည်း ဖုန်းထဲတွင်ပြင်ထားခဲ့သည်။ ထို့အပြင် စုန့်ရှီးယွီအတွက် လက်ဆောင်အဖြစ် ခရစ္စမတ်သစ်ပင်အ​သေး​လေးကိုလည်း ပြင်ဆင်ထားခဲ့သည်။

ပြင်ဆင်မှုအားလုံးပြီးသွားတာနဲ့ သူမသည် အိမ်မှထွက်ကာ စုန့်ရှီးယွီ၏အိမ်သို့သွားရန် တက္ကစီခေါ်ခဲ့သည်။

စုန့်ရှီးယွီက သူမအတွက် တံခါးကိုဖွင့်ပေးလိုက်တော့ ကျီဖန်ယင်းက ခရစ္စမတ်သစ်ပင်ကို သူ့ဆီတွန်းပို့ကာ "မယ်ရီ ခရစ္စမတ်!"

"... မင်းရော" စုန့်ရှီးယွီက ခဏတာ အံ့အားသင့်သွားပြီးမှ ပြန်တုံ့ပြန်သည်။ သူသည် နူးညံ့သိမ်မွေ့သော အပြုံးဖြင့် ခရစ္စမတ်သစ်ပင်အ​သေး​လေးကို ယူကာ သူမကို အထဲသို့ ဖိတ်ခေါ်လိုက်သည်။ "ဝင်ခဲ့လေ။ တံခါးနားမှာ ဖိနပ်ရှိတယ်။"

"ဒီ​နေ့ နင့်အိမ်မှာပဲ ညစာစား​ကြမှာလား။" ကျီဖန်ယင်းက အိမ်စီးဖိနပ်ကို ၀တ်ကာ သူ့အိမ်ထဲဝင်သွားတယ်။ သူမသည် အိတ်ကို ဖိနပ်စင်ပေါ်တင်လိုက်ပြီး ကုတ်အင်္ကျီကို ချွတ်ကာ စုန့်ရှီးယွီနောက် လိုက်သွားသည်။ "ငါကူပေးရဦးမလား။"

သူ့မီးဖိုချောင်ကျယ်ကြီးထဲမှာ ခင်းကျင်းထားတဲ့ ကုန်ပစ္စည်းများကို သူမမြင်နေရပါသည်။

ပုံစံက... ဒါကို ဘယ်လိုပြောရမလဲ။

တစ်ချက်ကြည့်လိုက်တာနဲ့ အိမ်ရှင်က ဟင်းမချက်တတ်ဘူးဆိုတာ သိသာနေတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now