ယွမ်ယောင်သည် streaming ဝဘ်ဆိုဒ်သေးလေးတစ်ခုမှ အနည်းငယ်လူသိများသော streamerဖြစ်သည်။ သူမသည် အလှကုန်ဆိုင်များသို့ သွားရောက်သော ဗီဒီယိုများကိုတင်ကာ ဝင်ငွေရှာခဲ့သည်။
ယနေ့တွင်၊ သူမသည် ပရိသတ်များအတွက် အလွန်စျေးကြီးသော အနောက်တိုင်းbrunch စားသောက်ဆိုင်ကို reviewပေးရန် သူမ၏ ပစ္စည်းများကို ယူကာရောက်လာခဲ့သည့။ သူမသည် ဝန်ထမ်းများနှင့် ဆွေးနွေးပြီ။ အခြားဖောက်သည်များကို မနှောင့်ယှက်သလို ရိုက်ကူးခြင်းလည်းမပြုလုပ်ရန် ကတိပြုခဲ့သည်။ သူမ၏စက်ပစ္စည်းကိရိယာများကို လျင်မြန်စွာတပ်ဆင်ပြီးနောက်၊ သူမသည် စတင်streamခဲ့သည်။
သူမသည် အစားအစာကို မှာယူထားပြီးဖြစ်သော်လည်း စားသောက်ဆိုင်မှထူးခြားမှုကို သူမ၏ကြည့်ရှုသူများကို မိတ်ဆက်ပေးရဦးမည်ဖြစ်သည်။ အဲဒီနောက်မှာတော့ သူမသည် ပရိတ်သတ်များကို Menuတစ်ခုလုံးနဲ့ ဈေးနှုန်းတွေကို ပြသခဲ့ပါသည်။
"... မိတ်ဆက်ဖို့တောင် နည်းနည်းများလွန်းနေသလိုပဲ။ ငါတို့ အခုအစားအစာကို စောင့်ကြတာပေါ့။ အခုခံစားချက်က ဘယ်လိုပြောကမလဲ၊ ၁၈၈ယွမ်တန် brunch setကို စားနေတဲ့ သူဋ္ဌေးကတော်ပေါ့။" ယွမ်ယောင်က သူမလက်နှစ်ဖက်ကို စုကာ ပွတ်သပ်လိုက်သည်။ "ငါ့၁၈၈ယွမ်တန် brunchက ပေးရတဲ့ဈေးနဲ့တန်ပါစေလို့ ဆုတောင်းတယ်။ မနည်းရှာထားရတဲ့ငွေတွေကို ဖြုန်းတီးပစ်လိုက်လို့မရဘူး!"
ကြက်ဥBenedictsများကို စောင့်နေစဉ် ယွမ်ယောင်သည် သူမ၏နေ့စဉ်ဘဝအကြောင်းကို ပရိသတ်များနှင့် မျှဝေသည်။
သူမ စကားပြောနေရင်း စုံတွဲတစ်တွဲသည် စားသောက်ဆိုင်ထဲသို့ လျှောက်ဝင်လာပြီး သူမနှင့် အနည်းငယ်ဝေးသော စားပွဲတွင် ထိုင်လိုက်သည်ကို သူမ သတိပြုမိလိုက်သည်။ သူမရဲ့အတင်းအဖျင်းပြောချင်စိတ်ကို မတောင့်ခံနိုင်ဘဲ "ဝိုး၊ ငါတကယ်ချောတဲ့ကောင်လေးနဲ့ ချစ်စရာကောင်းတဲ့ကောင်မလေကို တွေ့လိုက်တယ်၊ တကယ် မော်ဒယ်တွေကျလို့ပဲ။ တခြားသူတွေကို ရိုက်ပြလို့မရတာ နှမျောစရာကြီး၊ မဟုတ်ရင် ငါတို့အတူ မျက်စိအစာကျွေးလို့ရလောက်တယ်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)