စုန့်ရှီးယွီ ပေးပို့လိုက်သော ယွမ်သုံးသိန်းကို လက်ခံရရှိကြောင်း အတည်ပြုပြီးနောက် ကျီဖန်ယင်းသည် ငြိမ့်ညောင်းသော သံစဉ်တစ်ခုကိုညည်းရင်း ဓာတ်လှေကားဆီသို့ လျှောက်သွားသည်။
ဓာတ်လှေကားထဲဝင်ပြီးနောက် ခေါင်းကိုလှည့်ကြည့်လိုက်ရာ စုန့်ရှီးယွီသည် ဆယ်မီတာအကွာမှ သူမကို လှမ်းကြည့်နေဆဲဖြစ်ပြီး ခြေတစ်လှမ်းမှ မရွေ့ရသေးသည်ကို သတိပြုမိလိုက်သည်။ သူကိုင်နေသော စီးကရက်လိပ်သည် ကြက်သွေးရောင်အလင်းရောင်ဖြင့် မှိန်မှိန်လေး တောက်လောင်နေသည်။
ကျီဖန်ယင်းသည် သူမ၏ပထမဆုံးအလုပ်အား အာမခံချက်ရယူပြီးနောက် ကောင်းမွန်သောစိတ်အခြေအနေဖြင့် သူမ၏အထပ်ကိုနှိပ်ကိုနှိပ်လိုက်ပြီး စုန့်ရှီးယွီကို လက်ဝှေ့ယမ်းကာ နှုတ်ဆက်လိုက်သည်။
ဓာတ်လှေကားတံခါးများ ပိတ်သွားပြီး စုန့်ရှီးယွီ၏ မျက်နှာကိုလည်း မမြင်ရတော့ပေ။
ကျီဖန်ယင်းသည် အစောပိုင်းက သူ၏ဆိုးရွားသော သဘောထားကြောင့် စိတ်အနှောင့်အယှက်မဖြစ်ခဲ့ပေ။ ငွေကြေးအလုံအလောက်ရှိသရွေ့၊ ဖောက်သည်၏စိတ်သဘောထားပြဿနာကို သူမ လုံးဝဂရုမစိုက်ပေ။
အိမ်ပြန်ရောက်ပြီးနောက်၊ သူမသည် ဆိုဖာပေါ်တွင် လှဲလျောင်းရင်း စုန့်ရှီးယွီ၏မေးခွန်းလွှာမှ အဖြေများကို စေ့စေ့စပ်စပ်လေ့လာနေလိုက်သည်။
စုန့်ရှီးယွီက စောစောက အမြန်ဖြေလိုက်တာကြောင့် အဖြေများသည် ခပ်တိုတိုပင်။ မေးခွန်းများသည် အရမ်းရိုးရှင်းပြီး ကျီရှင်းရှင်း၏အကျင့်စရိုက်နှင့် အခြားအရာများအပေါ် ဖောက်သည်၏အထင်ကို မေးမြန်းထားခြင်းဖြစ်သည်။ စုန့်ရှီးယွီ သိထားသည့် ကျီရှင်းရှင်းအတိုင်း တစ်ပုံစံတည်း သရုပ်ဆောင်ရန် လိုအပ်ပါသည်။
ထို့အပြင် စုန့်ရှီးယွီ၏ ကိုယ်ရေးကိုယ်တာကိစ္စအချို့လည်း ပါဝင်သေးသည်။
ခြုံပြောရရင် ဒါသည် ဝန်ဆောင်မှုကိုပိုကောင်းမွန်ပြီး ဖောက်သည်များကို ဆက်ပြီးငှားရမ်းအောင် အကြံထုတ်ခြင်းဖြစ်ပြီး ဒါမှသာ သူတို့ထံမှ ပိုက်ဆံအများကြီးရနိုင်မည်ဖြစ်သည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)