အခန်း၂၄

2.7K 323 0
                                    

ဘယ်လောက်တောင် အံ့သြစရာကောင်းလိုက်တဲ့ ရုပ်ရှင်လဲ။ ကျီဖန်ယင်းက တွေးလိုက်တယ်။

သူမသည် ဟိုတစ်နေ့က DVDအရောင်းဆိုင်တွင် DVDအ​ခွေအချို့ကို ဝယ်ခဲ့ပြီး တစ်နေကုန်မအိပ်မစားဘဲ ရုပ်ရှင်များကိုသာ ထိုင်ကြည့်နေခဲ့သည်။ Deliveryများကလွဲပြီး သူမသည် မည်သူ့ကိုမျှ မဆက်သွယ်ခဲ့ပေ။

သူမလက်ထဲမှာရှိတဲ့ ရုပ်ရှင်တွေအားလုံးကို အပြီးကြည့်ပြီးနောက်တွင် သူမသည် ဖုန်းကို စစ်ကြည့်ကာ ကောင်းကောင်းတစ်ရေးတစ်မော အိပ်လိုက်တယ်။

ကျိုးချီသည် သူမအိမ်တွင် ရုပ်ရှင်ကြည့်နေသည်ကို သိသောကြောင့် သူမကြည့်ပြီးပြီလားဆိုတာ မေးရန် တခါတရွ မက်ဆေ့ချ်အနည်းငယ်ပို့တတ်သည်။

ကျီရှင်းရှင်းဆီမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှုတစ်ခု ရှိခဲ့သည်၊ ထုံးစံအတိုင်း သူမ အခုအလုပ်များနေသလား၊ ဘယ်အချိန်ပြန်ခေါ်လို့ရမလဲဆိုတာ မေးသော အသံမက်ဆေ့ချ်ကိုလည်း ချန်ထားခဲ့သည်။

မိုဘိုင်း​အော်ပ​ရေတာဆီမှ လွတ်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ခုလည်း ရှိ​သေးသည်။

တွေ့ဆုံပွဲနေက စုန့်ရှီးယွီက သူမကိုဖုန်းဆက်ခဲ့ပေမယ့် နောက်ထပ် ထပ်မဆက်သွယ်တော့ပေ။

မြင်တဲ့အတိုင်း ဒါက ကျီဖန်ယင်းရဲ့ လူမှုအသိုင်းအဝိုင်း၏ အ​ခြေအနေပေ။

နေ့သစ်တစ်ရက်ကိုစတင်ရန် ပျင်းရိပျင်းတွဲဖြင့် အကြောဆန့်လိုက်ကာ ကျိုးချီနှင့် ကျီရှင်းရှင်း၏မက်ဆေ့ချ်များကို စာပြန်လိုက်သည်။

စုန့်ရှီးယွီ၏ မမျှော်လင့်ထားသော တိတ်ဆိတ်မှုကို သူမ အနည်းငယ် သိချင်သောကြောင့် သူ့အတွက် ပြုလုပ်ထားသည့် ပရိုဖိုင်ထဲကို ဝင်​ပြီးကြည့်ရှုရန် ဆုံးဖြတ်ခဲ့သည်။

စုန့်ရှီးယွီကို နွေးထွေးနူးညံ့ပြီး ပြီးပြည့်စုံသူအဖြစ် ယူဆနိုင်သည်။ သူသည် သူ၏ ချို့ယွင်းချက်မရှိသော အခြမ်းကို အခြားသူများအား ပြသပြီး သူ့ပတ်ဝန်းကျင်ရှိလူများကို သူသည် ပြီးပြည့်စုံသည်ဟု ထင်စေခဲ့သည်။

ပြဿနာက ကမ္ဘာပေါ်မှာ ပြီးပြည့်စုံတဲ့ လူဆိုတာ တစ်ယောက်မှ မရှိပေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now