ကျီဖန်ယင်း ပြန်မဖြေရသေးခင် အမျိုးသမီးကြီးနောက်တွင် ရပ်နေသော လူတစ်ယောက်က စိတ်မရှည်စွာ ကြားဖြတ်ပြောသည် "ကျွန်တော်တောင်းပန်ပါတယ်၊ နည်းနည်းလောက် ဘေးဖယ်ပေးလို့ရမလား"
ထိုသူသည် ယူနီဖောင်းကို ၀တ်ဆင်ထားသော deliveryဖြစ်ပြီး သူ့လက်ထဲတွင် ပလတ်စတစ်အိတ်နှစ်လုံးကို ကိုင်ထားသည်။
"ဟုတ်ကဲ့၊ ကျွန်မ မှာထားတာပါ။" ကျီဖန်ယင်းသည် ပလတ်စတစ်အိတ်များကို လက်ခံရယူရန် လှမ်းပြောသည်။ "ကျေးဇူးပါ"
Deliveryသည် သူ၏ဖုန်းဖြင့် အတည်ပြုပြီးနောက် အလျင်အမြန် ထွက်ခွာသွားသည်။
အိတ်နှစ်လုံးကို ကိုင်ထားရင်း ကျီဖန်ယင်းသည် အမျိုးသမီးကြီးကို ကြည့်ကာ "တွေ့ရတာ ဝမ်းသာပါတယ်။ ရှင်ဘိုင်ကျိုးနဲ့ ဘယ်လို ပတ်သက်နေတာလဲဆိုတာ သိလို့ရမလား"
အမျိုးသမီးကြီးသည် စိတ်ဆိုးပုံမပေါ်သည့်အပြင် ထိုမေးခွန်းကိုစောင့်နေသောပုံဖြင့် "ကျွန်မကတော့ ဘိုင်ကျိုးနဲ့ ဘာမှမတော်စပ်ပေမဲ့ ကျွန်မသားက သူ့ညီလေးပါ။"
ကျီဖန်ယင်းသည် ဘိုင်ကျိုးထံမှ သူ၏ရှုပ်ပွနေသည့် အိမ်အခြေအနေအကြောင်း ကြားသိခဲ့ဖူးတာကြောင့် မျက်ခုံးပင့်လိုက်သည်။
အော်၊ ဘိုင်ကျိုးအဖေရဲ့ တရားမ၀င်ကလေးကိုမွေးထားတဲ့မယားငယ်။
"ကျွန်မကိုလာရှာတာ ဘာကိစ္စရှိလို့လဲ။" ကျီဖန်ယင်းက လိုရင်းသို့ တန်းသွားလိုက်သည်။
အမျိုးသမီးကြီးက ကျက်သရေရှိစွာ ပြုံးပြီး ဖြည်းညင်းစွာ "အထဲမှာ စကားပြောလို့ရမလား။ မင်းနဲ့ ဘိုင်ကျိုးကြားက ဆက်ဆံရေးကို ကျွန်မသိထားတယ်။ မင်းက သေချာစဉ်းစားတတ်ပြီး ဉာဏ်ကောင်းတဲ့ မိန်းကလေးပဲဆိုတော့ စကားပြောရတာကောင်းမှာပါ။"
သူ့ကြည့်ရတာ ခက်ခဲမဲ့ပုံပဲ။
ဘိုင်ကျိုးအမေရဲ့ စောင့်ကြည့်မှုအောက်မှာတောင် တရားမ၀င်ကလေးတစ်ယောက်ကို မွေးရဲတယ်ဆိုတော့ ဘယ်လိုလုပ်သာမန်လူဖြစ်နိုင်ပါ့မလဲ။
ကျီဖန်ယင်းက ပြုံးကာ ဘေးကပ်ပြီး သူမကို ဝင်ခွင့်ပြုလိုက်တယ်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)