စုန့်ရှီးယွီသည် ယာဉ်မောင်းထိုင်ခုံ၏ ပြတင်းပေါက်ကို မှီ၍ ဆေးလိပ်ကို ကိုင်ထားသော်လည်း မသောက်ပေ။ မီးမှိန်မှိန်အောက်တွင် ကြက်သွေးရောင် မီးခိုးများ တဖြည်းဖြည်း ငြိမ်းသွားသည်ကို သူ တိတ်တဆိတ် ထိုင်ကြည့်နေသည်။
သူကျီရှင်းရှင်းကို နေ့လည်ခင်းက လိုက်ပို့ခဲ့သည်။
ကျီရှင်းရှင်းသည် ပဲရစ်တွင် နိုင်ငံခြားသို့ ကျောင်းတက်ရန် ရွေးချယ်ခဲ့ခြင်းမှာ လေယာဉ်တစ်စီးထွက်သွားခြင်းဟုသာ ဆိုပေမဲ့ သူအတွက် နှုတ်ဆက်ရန် ခက်ခဲနေသည်။ ရလဒ်အနေဖြင့် ကျီဖန်ယင်း၏တည်ရှိမှုကို သဘာဝကျကျတွေးမိသွားခဲ့သည်။
မနေ့က ကျီဖန်ယင်းနဲ့ သူ့ရဲ့အစားထိုးဆက်ဆံရေးကို အဆုံးသတ်သွားပြီး အခုက သူ့စကားတွေကို ဆန့်ကျင်နေတယ်ဆိုတာ သူသိပေမယ့် ကျီဖန်ယင်းက သူ့ကို ငြင်းမှာမဟုတ်ဘူးဆိုတာလည်း သူကောင်းကောင်းသိပါတယ်။
သူ့ကို သဘောကျတာကြောင့် သူမ မလုပ်စရာအကြောင်းမရှိပေ။
နေ့လည်ခင်းက နှုတ်ဆက်ပွဲတွင် သူမသည် သူမ၏မျက်နှာသွင်ပြင်ကို ပွင့်ပွင့်လင်းလင်းပြသခဲ့ပြီး ကျီဖန်ယင်းအကြောင်းကို သူပိုပိုပြီးတွေးမိလာခဲ့သည်။
သူသည် ကျီဖန်ယင်းကို ဖုန်းခေါ်ပြီးနောက် ကျီစံအိမ်မှ မောင်းထွက်သွားကာ သူမပို့သော လိပ်စာဆီသို့ အလျင်အမြန်သွားခဲ့သည်။
_____
စုန့်ရှီးယွီသည် သူ့ကားကိုရပ်ပြီး ဆေးလိပ်ကိုမြှောက်လိုက်ချိန်တွင် လူတစ်ယောက်သည် အနီးနားက ဓာတ်လှေကားကနေ ထွက်လာခဲ့တယ်။ သူခေါင်းကိုမော့ကြည့်လိုက်သောအခါ မြင်လိုက်ရသော အရာကို အကြည့်မခွာနိုင်တော့ပေ။
တူလွန်းတယ်။
အဖြူရောင် ပခုံးဖော် ဇာဂါဝန်ကို ၀တ်ထားသော အမျိုးသမီးက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့ထံ လျှောက်လာတဲ့အထိ သူမှင်တက်နေခဲ့သည်။ "ကျီဖန်ယင်း?"
ကျီဖန်ယင်းသည် သူမ၏လက်ကိုဆန့်ပြီး သူရှေ့တွင် လက်ဖဝါးကို ဖြန့်ပြလိုက်သည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)