အခန်း၁၆၅

1.1K 147 1
                                    

ကျီရှင်းရှင်းသည် သူမ၏ဖုန်းကို စေ့စေ့ကြည့်နေသည်။

ဘိုင်ကျိုး အစောပိုင်းက သူ့အဖွဲ့တွင်ပါဝင်ရန် တောင်းဆိုမှုကို လျစ်လျူရှုခဲ့သလို အခုလည်း ဘိုင်ကျိုးထံမှ တုံ့ပြန်မှုကို မရရှိခဲ့ပေ။ သူသည် ပြဿနာကို လျစ်လျူရှုလိုက်လျှင် မှော်ဆန်စွာ ပျောက်ကွယ်သွားလိမ့်မည်ဟု တွေးသည့် အလိုလိုက်ခံထားရသည့် ကလေးနှင့်တူသည်။

ဘိုင်ကျိုးက အဲ့လိုလူပဲ။

ခေါင်းမာပြီး မရင့်ကျက်ဘူး။

ကျီရှင်းရှင်းဟာ အဲဒီတုန်းက သူ့ကိုရရန် အတော်လေး ကြိုးစားခဲ့ရပါသည်။ သူ၏သံသယများကို ဖယ်ရှားရန် နူးညံ့သိမ်မွေ့မှုကို အသုံးပြုသင့်သည်ဆိုတာ သူမသိခဲ့သည်။ အဲဒါက သူနဲ့ဆက်ဆံဖို့ အလုံခြုံဆုံးနည်းလမ်းပါပဲ။

သူတို့နောက်ဆုံးဖုန်းခေါ်ခဲ့ချိန်က တစ်ရက်ကျော်သွားပြီးဖြစ်ပေမဲ့ ပြန်တွေးမိတိုင်း လည်ချောင်းထဲမှာ ငါးရိုးစူးနေသလို ခံစားရသည်။

'ကျွန်​တော့်နဲ့တွဲမယ်ဆိုတဲ့ ကတိ​ကိုဖြည့်ပေးမှာမလို့လား။'

အဲဒီတုန်းက သူပြောခဲ့တဲ့စကားကို ရှင်းရှင်းလင်းလင်း မှတ်မိသည်။ အထူးသဖြင့် သူမကဲ့သို့ ကြိုးပါးပါး​လေးပေါ်လမ်းလျှောက်နေတဲ့ ပင်လယ်ဘုရင်တစ်ယောက်အတွက် မှတ်ဉာဏ်ကောင်းဖို့က အရေးကြီးသည်။

မတူညီတဲ့လူတွေကို သူမပြောခဲ့တဲ့စကားတွေကို ရောသွားမယ်ဆိုရင် သူမရဲ့ဇာတ်ရုပ်က မြန်မြန်ဆန်ဆန် ပြိုလဲကျသွားနိုင်ပါသည်။ 'တွဲမယ်'ကဲ့သို့ အရေးကြီးစကားတစ်ခွန်းကို သူမပြောခဲ့မယ်ဆိုရင် သေချာပေါက်မေ့လောက်မည်မဟုတ်ပေ။

ဘိုင်ကျိုးကို အဲ့လိုစကားမျိုး တစ်ခါမှမပြောခဲ့ဖူးဘူးဆိုတာ သူမ သေချာပါသည်။ ဒါဆို သူရဲ့စကားတွေက ဘာကိုဆိုလိုတာလဲ။

ဘိုင်ကျိုးက ကျီဖန်ယင်းနဲ့ သီးသန့်တွေ့ဆုံခဲ့ပြီး...

ကျီရှင်းရှင်းသည် 'ခေါ်ဆိုရန်' ခလုတ်ကို အလွန်နှိပ်ချင်နေသော်လည်း မနှိပ်ရန် ဆန့်ကျင်ရန် ဆုံးဖြတ်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now