ဘိုင်ကျိုးသည် ကျီရှင်းရှင်း၏အဖွဲ့တွင် ပါဝင်ခဲ့ပြီး 'Kitty' အမည်ရှိသော အခြားသူတစ်ဦးလည်းပါသည်ကို တွေ့လိုက်ရသည်။ နာမည်အရ အမျိုးသမီးဖြစ်ကြောင်းကို အရိပ်အမြွက်ပေးနေသည်။
အဲဒါက သူ့ကို စိတ်သက်သာရာရစေပြီး ကျီရှင်းရှင်းကို voice chatကနေ နှုတ်ဆက်လိုက်သည်။
"မင်းအသံကပင်ပန်းနေတဲ့အတိုင်းပဲ။ မနေ့ညက တစ်ညလုံး ဂိမ်းဆော့ခဲ့တယ်မလား။" ကျီရှင်းရှင်းက အပြစ်တင်လိုက်တယ် "ငါမင်းကို ဂိမ်ဆော့ဖို့မပြောလိုက်သင့်ဘူး။"
ဘိုင်ကျိုးက ချက်ချင်းပဲ ဆင်ခြေပေးလိုက်သည် "ကျွန်တော် နေ့လည်တုန်းက အိပ်ထားသေးလို့ အရမ်းလန်းနေပါတယ်။"
မမဂိမ်းဆော့ဖို့ ဘယ်သူ့ကို သွားရှာမလို့လဲ။
"တကယ်လား။" ကျီရှင်းရှင်းက သံသယဖြစ်သွာ မေးလိုက်သည်။ "ငါသာသမ်းတဲ့အသံကြားရင် ကွန်ပြူတာပိတ်ပြီး ချက်ချင်း အနားယူရမယ်နော်။"
ဘိုင်ကျိုးသည် နောက်ပိုင်းတွင် မသမ်းခင် သူ့ပါးစပ်ကို အရင်ဖုံးထားရန် စိတ်ထဲစွဲမှတ်လိုက်ပါသည်။
သူတို့သုံးယောက်က ဂိမ်းတစ်ခုကို အလျင်အမြန် စတင်လိုက်ကြသည်။ ဘိုင်ကျိုးက ခုန်ချပြီးနော် သူတို့ကို လေထီးဖွင့်ဖို့ အချက်ပေးခဲ့ပေမယ့် ဆင်းသက်ပြီးသည်နှင့် ကံမကောင်းစွာပင် အခြားအဖွဲ့နှစ်ဖွဲ့ကို ဝင်တိုးမိခဲ့ကြသည်။ နှစ်မိနစ်အတွင်းမှာပဲ ကျီရှင်းရှင်းနှင့် Kittyတို့သည် ကြေကွဲစရာကောင်းအောင် သေသွားခဲ့ကြပြီး ဘိုင်ကျိုး တစ်ယောက်တည်းသာ တိုက်ခိုက်ရန် ကျန်ရစ်ခဲ့သည်။
ဘိုင်ကျိုး: "…"
သူ ဒီပွဲကို နောက်ထပ် မိနစ်နှစ်ဆယ်လောက် တစ်ယောက်တည်း ဆက်ကစားခဲ့ပြီး chicken dinnerတောင် ရနိုင်လောက်ပါသည်။ သို့သော်လည်း ကျီရှင်းရှင်းသည်တော့ မကစားနိုင်ဘဲ သူ့၏ဂိမ်းထဲမှဇာတ်ကောင်ကိုသာ ပျင်းရိစွာကြည့်နေရပါသည်။
ထို့ကြောင့် နောက်ထပ်ဂိမ်းတစ်ပွဲကို အမြန်စတင်နိုင်ရန် သူ့ကိုယ်သူသတ်ရန် ဆုံးဖြတ်ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် ကျီရှင်းရှင်းကို နှစ်သိမ့်ပေးသည် "နောက်ပွဲကျရင် ကျွန်တော့်နောက်ကပဲ လိုက်လာခဲ့။ ကျွန်တော် မမကို ကာကွယ်မယ်။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)