အခန်း၈၆

1.7K 227 2
                                    

"ကျွန်​တော် နောက်ထပ်မေးခွန်းတစ်ခုမေးလို့ရမလား"  ချန်ယွမ်ရှန်းက မျက်တောင်ခတ်လိုက်သည်။

"ဆု​ကိုတောင်းတယ်ပေါ့။" ကျီဖန်ယင်း ခေါင်းညိတ်ပြပြီး ခဏလောက်စဉ်းစားလိုက်တယ်။ "မေးလေ"

ချန်ယွမ်ရှန်းက သူ့အသံကိုလျှော့ကာ "အရင်တစ်ခေါက်က အစ်မမှာ ရည်းစားမရှိဘူးလို့ ပြောခဲ့တယ်လေ။ ဒါဆို လောလောဆယ် အစ်မမှာ ကြိုက်​နေတဲ့လူရှိလား။"

စုန့်ရှီးယွီ၏ဝင်ရောက်စွက်ဖက်မှုကြောင့် ချန်ယွမ်ရှင်းသည် မျက်မှောင်ကြုတ်သွားပြီး သူ့ကိုဆွဲခေါ်သွားခဲ့သည်။ ထို့ကြောင့် ချန်ယွမ်ရှန်း မေးခွန်းမေးလိုက်တဲ့အချိန် ကျီဖန်ယင်းရဲ့အနောက်မှာရှိနေခဲ့တာကြောင့် ရှင်းရှင်းလင်းလင်း ကြားခဲ့ရပါသည်။

သူ့ခြေလှမ်းများ ရပ်တန့်သွားသည်ကိုပင် သတိမထားမိလိုက်ပေ။

ဒီမေးခွန်းအတွက် သူ့မှာ အဖြေရှိနေပြီဟူ သူခံစားမိသော်လည်း… သူမပါးစပ်မှ ကိုယ်တိုင်အတည်ပြုချက်ကို သူကြားချင်သည်။

သူမအသွထွက်မလာခင် အချိန်အတော်ကြာသွားသကဲ့သို့ပင်။

သူမသည် နူးညံ့စွာ ရယ်မောလိုက်ပြီး "အစ်မကြိုက်တဲ့လူကိုမေးတာလား။ အင်း… လောလောဆယ်တော့ မရှိသေးဘူး။"

ချန်ယွမ်ရှန်း၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ မသိမသာ အောင်ပွဲခံခါနီးတွင် စိတ်လှုပ်ရှားနေသော အမျိုးသားအသံတစ်ခုသည် စပီကာများမှတစ်ဆင့် အလုံပိတ်အားကစားရုံအတွင်း ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

"လူတိုင်းကြား​ကြလား။ လောလောဆယ် ကြိုက်နေတဲ့လူမရှိသေးဘူးတဲ့။"

သူမတို့ကို ကြည့်ရှုနေသော လူအုပ်ကြီးသည် ထူးဆန်းစွာ အော်ဟစ်လိုက်ကြသည်။  "ဝိုးးးးး!!!!"

ချန်ယွမ်ရှန်း၏ မျက်နှာသည် မည်းမှောင်သွားသည်။

ခေါင်းကို အေးစက်စွာ လှည့်ကြည့်လိုက်ရာ လက်ထဲတွင် မိုက်ကိုကိုင်ထားပြီး သူ့နောက်မှ ခိုးနားထောင်နေသော ကောင်လေးသည် အန္တရာယ်အငွေ့အသက်ကို ခံစားမိကာ ချက်ချင်း ထွက်ပြေးတော့သည်။ သူသည် အလွန်လျင်မြန်လွန်းသဖြင့် အပြေးပြိုင်ပွဲဝင်ဟုပင် အထင်လွဲနိုင်ပေလိမ့်မည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now