အခန်း၁၃၇

1.4K 205 3
                                    

ကျီရှင်းရှင်းသည် ချန်ယွမ်ရှန်း၏ အေးစက်သော သဘောထားကြောင့် စိတ်တိုသွားခဲ့သည်။

သူမသည် ဘတ်စကက်ဘောအသင်းမှ စီနီယာတစ်ဦးကို မိတ်ဆက်ပေးခိုင်းခဲ့သော်လည်း ချန်ယွမ်ရှန်းက သူမနှင့် တွေ့ရန် ငြင်းဆိုခဲ့သည်။ သူမ WeChatတွင် ပို့ထားသော friend requestကိုပင် ငြင်းပယ်ခဲ့ပါသေးသည်။

ကျီရှင်းရှင်းဟာ ဒီလိုအခြေအနေမျိုးကို တစ်ခါမှ မကြုံဖူးတာမဟုတ်သော်လည်း များသောအားဖြင့် ယောက်ျားများသည် သူမဆီလွယ်လွယ်နှင့်ပါလာကြတာပင်။

အချိန်တစ်ခုပဲလိုတာ၊ ငါမဆွဲဆောင်နိုင်တဲ့လူဆိုတာမရှိဘူး။

သို့သော်လည်း ယခုအချိန်တွင် သူမအတွက် အစိုးရိမ်ရဆုံးမှာ ချန်ယွမ်ရှန်း မဟုတ်ဘဲ ခရစ္စမတ်ကို အတူဖြတ်သန်းရမည့်လူများပင် ဖြစ်သည်။ သူမလက်ထဲတွင် ဖိတ်စာများစွာရှိနေသည်။

သူမသည် အရေးမကြီးသော လူများကို ပယ်ချခဲ့ပြီးနောက် လူအနည်းငယ်သာ ကျန်ခဲ့တော့သည်။

သူမ ကိုယ်ခွဲ၍မရပေ။ သူမသည် တစ်နေ့တာကို အပိုင်းခွဲထားခဲ့သော်လည်း တစ်နေ့တွင် လူနှစ်ယောက်၊ သုံးယောက်သာ အလွန်ဆုံးတွေ့ဆုံနိုင်မည်ဖြစ်သည်။

တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ကျီရှင်းရှင်းသည် သူမစဉ်းစားနိုင်သော အသင့်လျော်ဆုံး​ဖြစ်နိုင်သည့် အချိန်ဇယားကို လုပ်ခဲ့သည်။ ည​နေတွင် လီရှောက်ရှင်း၊ မနက်ပိုင်းတွင် ဘိုင်ကျိုး၊ စုန့်ရှီးယွီအတွက်တော့ ခရစ်စမတ်အကြိုည။

ဒီလိုပုံစံနဲ့ အချိန်ဇယားဆွဲဖို့ သူမစဉ်းစားထားခဲ့သည်။

သူမ ရင်ဆိုင်ရမည့် နောက်ထပ်လူတစ်ယောက်သာ ရှိသေးသည်၊ စန်းရှန်းရန်။

နိုင်ငံထဲ ပြန်ရောက်ကတည်းက သူမတို့နှစ်ယောက်သည် ဖုန်းဖြင့်သာ စကားပြောခဲ့ကြပြီး လူချင်းမတွေ့ရသေးပေ။ စန်းရှန်းရန်သည် သူမအတွက် အရေးကြီးသတင်းရှိပြီး သူမ မကြားလျှင် နောင်တရလိမ့်မည်ဖြစ်ကြောင်းကို လျှို့ဝှက်စွာ ပြောပြခဲ့သည်။

ခရစ္စမတ်အကြိုနေ့နံနက်ခင်းတွင် ကျီရှင်းရှင်းသည် စန်းရှန်းရန်၏ ရိုက်ကွင်းသို့သွားရောက်လည်ပတ်ခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now