အခန်း၆၈

2.1K 268 6
                                        

စုန့်ရှီးယွီရဲ့အဖျားသည် သူ့​ခေါင်းကိုပါ လောင်ကျွမ်းသွား​စေသည် ကျီဖန်ယင်း ခံစားလိုက်ရသည်။

စုန့်ရှီးယွီသည် သူ၏ကုမ္ပဏီနှင့် သိပ်မဝေးသော ကွန်ဒိုတွင် နေသည်။ ကျီဖန်ယင်းသည် သူပို့ထားသော လျှို့ဝှက်ကုဒ်ကို အသုံးပြု၍ ပြဿနာတစ်စုံတစ်ရာမရှိဘဲ အိမ်ထဲသို့ ဝင်လာနိုင်ခဲ့သည်။ ညဉ့်သန်းခေါင်တွင် အလင်းရောင်မရှိသော အိမ်တစ်လုံးသို့ ရောက်နေခြင်းသည် အနည်းငယ်​ကြက်သီးထစေသည်။

ထို့ကြောင့် အိမ်ထဲသို့ဝင်သောအခါတွင် သူမသည် နံရံတွင် မီးခလုတ်များကို အရင်စမ်း​ကြည့်လိုက်သည်။

မီးတွေဖွင့်ပြီးတာနဲ့ အခန်းပတ်ပတ်လည်ကို ဝေ့ကြည့်လိုက်သည်။ သူမ ပထမဆုံးတွေ့လိုက်ရတာကတောအ တံခါးဝနဲ့ သိပ်မဝေးတဲ့​နေရာတွင် တောက်တဲ့နှစ်ကောင် ထိုင်နေတာကိုပင်။

ကျီဖန်ယင်း : "…"

စုန့်ရှီးယွီက တောက်တဲ့မွေးထားတာကို သူမ မေ့လုနီးပါးဖြစ်သွားသည်။ သူ့လို သွေးအေးတဲ့လူက သွေးအေးသတ္တဝါတွေကို ခင်မှာပေါ့။

သူမသည် ကြည်လင်နေသော ဖန်လှောင်အိမ်ရှေ့တွင်ရပ်ပြီး စုန့်ရှီးယွီထက် ရုပ်ဆိုးသော်လည်း ထူးထူးခြားခြား ချစ်ဖို့ကောင်း​နေသော တောက်တဲ့နှစ်ကောင်ကို ဦးစားပေးကာ အစားကျွေးလိုက်သည်။

ဤတောက်တဲ့နှစ်ကောင်သည် ရှားပါးသောမျိုးရိုးဖြစ်သည်ကို သူမ သတိရမိလိုက်သည်၊ အတော်လေးစျေးကြီးပါသည်။

ဒါကြောင့် ငတ်သေလို့မရဘူး။ စုန့်ရှီးယွီသည် ထမင်းတစ်နပ် နှစ်နပ် ငတ်ရုံနှင့် မသေနိုင်သော်လည်း ဤတောက်တဲ့များကတော့ မပြောနိုင်ပေ။

တောက်တဲ့များကို အစာကျွေးပြီးတာနဲ့ ကျီဖန်ယင်းက ဧည့်ခန်းထဲမှ မီးများကိုဖွင့်ပြီး ပတ်ဝန်းကျင်နဲ့ ရင်းနှီးအောင် ​ကြည့်လိုက်တယ်။

ပွင့်ပွင့်လင်းလင်းပြောရလျှင်၊ သူမသည် စုန့်ရှီးယွီ၏တိုက်ခန်းသို့ ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခြင်းမဟုတ်ပေ၊ ပို၍အတိအကျပြောရလျှင် 'ကျီဖန်ယင်း' သည် ယခင်က ဤနေရာကိုရောက်ဖူးခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now