ကျီရှင်းရှင်း၏ ဂိမ်းကျွမ်းကျင်မှုသည် စကားကောင်းဖြင့်ပြောရလျှင် နူးညံ့သိမ်မွေ့သည်ပေါ့။ ကျီဖန်ယင်းနှင့် သူမ၏ အပြစ်အနာအဆာကင်းသော သရုပ်ဆောင်ချက်များတောင် တစ်ပုံစံတည်းလိုက်လုပ်ဖို့ရန် ခက်ခဲခဲ့သည်။ ကျီရှင်းရှင်းသည် ဂိမ်းဆော့ရာတွင် ဒီလောက်ထိဆိုးရွားလိမ့်မည်ဟု သူမတကယ်လုံးဝမထင်ထားခဲ့ပေ။
ဘိုင်ကျိုးနဲ့ ဂိမ်းကစားချိန်တွင် သူမကိုယ်သူမ ဒုက္ခရောက်နေသော မိန်းကလေးတစ်ယောက်ဟုသာ ခံစားနေရသည်။
သူမသည် ဘိုင်ကျိုး၏ အကောင့်ခွဲတစ်ခုသို့ ဝင်ခဲ့ပြီး သူ၏အကောင့်စစ်မှ ဖိတ်ကြားသည်ကို ချက်ချင်းလက်ခံရရှိခဲ့သည်။
သူမ၏မျက်လုံးထောင့်မှ အခြားတစ်ယောက်ယောက်သည် အဖွဲ့တွင် ပါဝင်ရန် ဘိုင်ကျိုးကို ခဏခဏ တောင်းဆိုနေသည်ကို သူမသတိပြုမိသော်လည်း သူသည် တောင်းဆိုချက်ကို လျစ်လျူရှုကာ Duoမုဒ်အတွက် တန်းစီခဲ့သည်။
လက်တစ်ဖက်က ကီးဘုတ်ပေါ်ရှိပြီး နောက်တစ်ဖက်ကမောက်စ်ပေါ်ရှိနေသော ကျီဖန်ယင်းသည် 'gamerအသစ်လေး ကျီရှင်းရှင်း' မုဒ်သို့ လျင်မြန်စွာဝင်ရောက်လိုက်သည်။
အပိုလူတစ်ယောက်ဖြင့် ဂိမ်းဆော့သည်မှာ မလွယ်ကူသော်လည်း ဘိုင်ကျိုး၏စကေးများက တိုက်းတက်လာကြောင့် ကျီဖန်ယင်း သတိပြုမိသည်။
'လူသားတွေက ဒုက္ခနဲ့တွေ့မှ တိုးတက်ကြတာထင်ပါတယ်။'
ကျီဖန်ယင်းသည် ချုံပုတ်များထဲ ပုန်းနေချိန်တွင် ဘိုင်ကျိုးသည် အရင်းအမြစ်များကိုရယူရန် အနီးနားရှိ အဆောက်အအုံတစ်ခုသို့ ဝင်သွားခဲ့သည်။
နှစ်မိနစ်ခန့်အကြာတွင် ကျီဖန်ယင်းသည် ဘိုင်ကျိုး၏ကွန်ပြူတာမှ ထွက်လာသောအသံတစ်ခုကို ရုတ်တရက်ကြားလိုက်ရသည်။ အံ့သြဝမ်းသာမှုတွေနဲ့ ပြည့်နှက်နေခဲ့သော "ကျိုးကျိုး?"
သူသည် world chatမှပြောလာတာကြောင့် ထိုစကားကို အနီးနားရှိလူတိုင်း၊ သူငယ်ချင်း သို့မဟုတ် ရန်သူတိုင်းကြားနိုင်ပါသည်။ ဒီကမ္ဘာပေါ်မှာ ဘိုင်ကျိုးကို အိမ်မွေးတိရစ္ဆာန်လိုနာမည်ခေါ်မည့်လူဟာ တစ်ဦးသာ ရှိသည်။

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Ficción GeneralTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)