ညသန်းခေါင် လီရှောက်ရှင်း၏ ဖုန်းကောသည် ကျီဖန်ယင်းကို လုံးဝ နိုးကြားသွားစေသည်။ သူမသည် အသက်ကိုသေချာရှုလိုက်ပြီး ရေခွက်ကို ကိုင်ကာ ဧည့်ခန်းဆီ သွားလိုက်သည်။
လီရှောက်ရှင်း ငွေလွှဲလာရန် အချိန်သိပ်မကြာခဲ့ပေ။
ငွေကြောင့် ညသန်းခေါင်ဖုန်းခေါ်တာကို ခွင့်လွှတ်လိုက်မယ်။
သူမသည် အိပ်ရာပေါ်တွင် လှဲလျောင်းကာ သူမ၏အိပ်ချင်လာရန် ဖုန်းနှင့် ဆော့ကစားနေလိုက်သည်။ ဖုန်းကြည့်ရင်း ချန်ယွမ်ရှန်း သူ၏Momentsတွင် တင်ထားသော ဟူပြန့်တက္ကသိုလ်မှ တရားဝင်စာတစ်စောင်ကို သူမတွေ့လိုက်ရသည်။
သူမ သမ်းရင်း တစ်ချက်ဝင်ကြည့်လိုက်သည်။ အကြမ်းဖျဉ်းကတော့ တက္ကသိုလ်မှာ ပွဲတစ်ခု ကျင်းပတော့မှာဖြစ်ပြီး ပွဲတက်ရောက်ဖို့ ကျော်ကြားတဲ့ ကျောင်းသားဟောင်းတချို့ကို ဖိတ်ခေါ်မယ်လို့ ဆိုထားသည်။
သူမ ပွတ်ဆွဲကာ လူစာရင်းကြည့်ရင်း သူမအတွက်တော့ သိပ်အံ့သြစရာမကောင်းသော ကျီရှင်းရှင်း၏အမည်မှာ ထိုစာရင်းထဲတွင် ရှိနေခဲ့သည်။
ကျီရှင်းရှင်းသည် အရင်နှစ်များတုန်းက နာမည်ကြီးကျောင်းသားဟောင်းများထဲမှ တစ်ဦးဖြစ်သည်။ သူမတရုတ်ကို ပြန်ရောက်နေပြီဖြစ်တာကြောင့် သေချာပေါက် သွားလောက်မည်။ သူမနှင့် ဘယ်သူ အဖော်လိုက်ပေးမလဲဆိုတာကို သိချင်မိသည်။
ဘိုင်ကျိုးနဲ့ စုန့်ရှီးယွီတို့ အဖော်လိုက်ခွင့်ရဖို့ ရန်ဖြစ်ကြမလားပဲ။
ငိုက်မျဉ်းလာသော ကျီဖန်ယင်းသည် ချန်ယွမ်ရှန်း၏ပို့စ်ကို likeလုပ်ပြီး ဖုန်းကို ဘေးချလိုက်သည်။ ခဏလေးအတွင်းမှာပဲ သူမ အိပ်ပျော်သွားခဲ့ပြီဖြစ်သည်။
...
နောက်တစ်နေ့နံနက်တွင် သူမကို ချန်ယွမ်ရှန်းသည် ပွဲသို့ ဖိတ်သည်။
အလုပ်ကိစ္စမှန်သမျှကို ရှင်းထားကာ အေးချမ်းစွာ အနားယူရင်း ကုန်ဆုံးရန် စိတ်ပိုင်းဖြတ်ထားတာကြောင့် ထိုဖိတ်ကြားမှုကို ငြင်းကာ ဒုတိယနေ့ကို ပျော်ရွှင်စွာ အနားယူခဲ့သည်။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)