ဖောက်သည်က ဖျားနေတဲ့အတွက် အလုပ်က ပိုရိုးရှင်းသွားပါသည်။
ဘိုင်ကျိုးက ဆေးသောက်ပြီးနောက် သူ့အခန်းကို မပြန်ဘဲ ဆိုဖာကို မီးဖိုချောင်နှင့် နီးသော နေရာကို ဆွဲယူသွားပြီး စောင့်အထူကြီးနှင့် ပတ်ကာ အိပ်နေလေသည်။ လှဲနေရင်း ကျီဖန်ယင်း ဆန်ပြုတ်ပြုတ်နေသည်ကိုလည်း တစ်ချက်တစ်ချက် ကြည့်တတ်၏။
ကျီဖန်ယင်းက ဆန်ပြုတ်က တကယ်ကို နေရာတိုင်းအသုံးဝင်တာပဲဟု တွေးခဲ့သည်။ စုန့်ရှီးယွီ ဖျားနေတုန်းကဖြစ်စေ၊ ဘိုင်ကျိုး အစာအိမ်နာတာပဲဖြစ်ဖြစ်၊ သူတို့အတွက် ဆန်ပြုတ်ပဲ ပြုတ်ပေးစရာရှိပါသည်။
ဆန်ပြုတ်ထဲကို ကြက်ဥအနည်းငယ်ထည့်ပြီး ဆားအနည်းငယ်ဖြူးပေးထားသည်။ ဆန်ပြုတ်တိုက်နေတုန်း ကျိုးကျိုးက ဆန်ပြုတ်(ကျိုး) သောက်နေတယ်ဆိုသော သိပ်မရယ်ရတဲ့ ဟာသကို တွေးမိလိုက်သည်။
ဘိုင်ကျိုးက ခန္ဓာကိုယ်ကို စောက်ပတ်ထားလျက်ဖြင့် ထိုင်လိုက်သည်။ သူ့လက်သည် ဆန်ပြုတ်ကိုသောက်ရန် စောင်မှ ထွက်လာခဲ့သော်လည်း ချက်ချင်းပင် လျင်မြန်စွာ ပြန်ဆုတ်ခွာသွားခဲ့သည်။ သူက ကျီဖန်ယင်းကိုကြည့်ပြီး "မမ" ဟု တိုးတိုးလေးပြောလိုက်သည်။
"မင်းလက်လည်းနာနေတာလား။"
"ဟုတ်" ဘိုင်ကျိုးက မျက်တောင်မခတ်ဘဲ လိမ်လိုက်သည်။
ရွေးချယ်စရာမရှိတော့တာကြောင့် ကျီဖန်ယင်းသည် ပန်းကန်ကို ဘေးတွင်ချလိုက်ပြီး "အရမ်းပူနေသေးတယ်။နည်းနည်းလောက် အအေးခံပြီးမှ သောက်ရအောင်လေနော်။"
ကျီရှင်းရှင်းသာဆို ထိုအပြုအမူကို သည်းခံနိုင်ပါ့မလားဟု သူမ တွေးမိသည်။
အင်း... သည်းခံနိုင်လောက်မှာပေါ့။
otomeဂိမ်းများကို ဆော့ဖူးသူတိုင်း 'ဖျားနာခြင်း' သည် အလွန်အရေးကြီးသော အဖြစ်အပျက်တစ်ခုဖြစ်ကြောင်း သိကြလိမ့်မည်။ ဖျားနာနေတာကြောင့် လူတစ်ယောက်၏ ခန္ဓာကိုယ်နှင့် စိတ်သည် အားနည်းနေပြီး သူ၏နှလုံးသားကို ပိုမိုလွယ်ကူသည်။
... ကျီဖန်ယင်းသည် ဘိုင်ကျိုး၏ နှလုံးသားကို မလိုချင်ပေမဲ့လည်းပေါ့။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Fiction généraleTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)