သူမခေါင်းကို လှည့်လိုက်ချိန်တွင် ဘိုင်ကျိုးလည်းပဲ ထိုစုံတွဲကို ကြည့်နေတယ်ဆိုတာ သိလိုက်ရသည်။ ကျီဖန်ယင်းက သူ့ကို စိုက်ကြည့်နေမှန်း သိသွားတော့ သူက ချက်ချင်းပဲ သူ့အကြည့်တွေကို တခြားနေရာပို့လိုက်ပေမယ့် သူမကိုတော့ မလှည့်စားနိုင်ခဲ့ပေ။
ကျီဖန်ယင်းက "ဘာလို့လဲ၊ စိတ်ဝင်စား…"
ထိုအချိန်တွင် ပထမဆုံးသော မီးရှူးမီးပန်းသည် လေထဲသို့ လွင့်ပျံသွားပြီး ပေါက်ကွဲသွားသည်။
အခြားသူများကဲ့သို့ပင် ကျီဖန်ယင်း၏ အကြည့်သည် ကောင်းကင်ပေါ်ရှိ ကြီးကျယ်ခမ်းနားသော မီးရှူးမီးပန်းများ ပြသခြင်းဆီသို့ ချက်ချင်းပင် ရောက်သွားခဲ့ပြီး လွန်ခဲ့သည့်အခိုက်အတန့်က သူမတွေးနေခဲ့သည့်အရာကို မေ့သွားသည်။ ဘိုင်ကျိုး၏အကြည့်များသည် သူမ၏ခြေထောက်များဆီသို့ ရောက်နေသည်ကိုလည်း သတိမမူမိလိုက်ပေ။
မီးရှူးမီးပန်းပြပွဲ ပြီးဆုံးပြီးနောက် စုံတွဲများသည် 'ကိုယ်တို့ နောက်ကျ ထပ်လာကြည့်ရအောင်' နှင့် 'ချစ်မွေးနေ့ကျရင် ဒီကို ပြန်လာရအောင်' ကဲ့သို့သော စကားများနှင့်အတူ ထိုနေရာမှ ထွက်ခွာသွားကြသည်။
မျက်မှန်မပါလာခြင်းကြောင့် ဖြစ်နိုင်သလို မီးရှူးမီးပန်းပြပွဲသည် အရမ်းအံ့သြလောက်စရာဘာမှမရှိဟု ကျီဖန်ယင်းက ထင်နေခဲ့သည်။ တစ်ခုခုတကယ်ထူးခြားနေတယ်ဆိုရင် အဲဒါက နောက်ခံရဲတိုက်ကြောင့်ပါပဲ။
ရဲတိုက်က အရမ်းကြည့်ကောင်းလွန်းအားကြီးနေတယ်။
"ငါတို့ကို ချီတက်ပွဲဆီ သွားနေတာလား။" ကျီဖန်ယင်းက မေးလိုက်သည်။
![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)