အခန်း၁၀၈

1.6K 207 3
                                    

နာမည်တူပေမယ့် 'ကျီဖန်ယင်း' နဲ့ သူမ၏ မွေးနေ့သည် နှစ်လခြားပါတယ်။ ထို့ကြောင့် 'ကျီဖန်ယင်း'၏ မွေးနေ့သည် သူမအတွက် ဘာအဓိပ္ပာယ်မှမရှိပေ။

ဘယ်လိုပဲဖြစ်ပါစေ သူမ၏ဖုန်းကိုဖွင့်လိုက်သောအခါ သူမဒေါင်းလုဒ်ဆွဲထားသော အက်ပ်များ၏systemများဆီမှသာ မွေးနေ့ဆုတောင်းများရရှိခဲ့သည်ကိုတွေ့လိုက်ရချိန်တွင် 'ကျီဖန်ယင်း' ကိုယ်စား လေးနက်စွာ သက်ပြင်းချလိုက်ပါသည်။

အမွှာတွေက ဘယ်လောက်ပဲ ချွတ်စွပ်တူနေပါစေ၊ သူတို့ရဲ့ ပင်ကိုယ်စရိုက်နဲ့ IQသည်တော့ ကွဲပြားမှုများ ရှိနေဆဲပါပဲ။

ကျီဖန်ယင်းသည် မှတ်ဉာဏ်များကိုပြန်စဉ်းစားလိုက်ပြီးနောက် အရင်'ကျီဖန်ယင်း' အတွက် နှမျောနေခဲ့ပါသည်။ တကယ်တော့ သူမသည် အလွန်အဖိုးတန်သော ကလေးတစ်ဦးဖြစ်ပြီး ဖတ်စာအုပ်များကို တစ်ကြိမ်သာ ဖတ်ကြည့်ပြီး စာမေးပွဲများကို ဖြေနိုင်သည့် ကလေးမျိုးဖြစ်သည်။

မူလတန်းကျောင်းသားတစ်ယောက်ဖြစ်ချိန်ကတောင် တက္ကသိုလ်မှာ သင်ကြားနေသော အဆင့်မြင့်သင်္ချာသဘောတရားများကို နားလည်နေပြီဖြစ်သည်။ သူမလိုလူများအတွက် 'ဉာဏ်ကြီးရှင်' ဟူသော စကားလုံးကို ဖန်တီးထားခြင်းဖြစ်သည်။

ဆန့်ကျင်ဘက်အနေနှင့် ကျီရှင်းရှင်းသည် ထိုကဲ့သို့သော အရည်အချင်းမျိုးကို မပိုင်ဆိုင်ပေ။ ဘယ်လောက်ပဲကြိုးစားပါစေ အစ်မဖြစ်သူကို လိုက်မမီနိုင်တော့တာကြောင့် နောက်ဆုံးတွင် အပြင်းဖျားသွားခဲ့သည်။

ကျီဖန်ယင်းသည် ဉာဏ်ကြီးရှင်တစ်ယောက်၏ ဦးနှောက်က ဘယ်လိုအလုပ်လုပ်လဲဆိုတာ သိချင်သောကြောင့် သူမသည် ကြိုးစားခဲ့​​ကြည့်ဖူးသည်။ ကံမကောင်းစွာနဲ့ပဲ၊ သူမသည် သရုပ်ဆောင်စွမ်းရည်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သော်လည်း 'ကျီဖန်ယင်း' ၏ ဉာဏ်ရည်ဉာဏ်သွေးကိုတော့ မရခဲ့ပုံရသည်။

'ကျီဖန်ယင်း' သာ အနည်းငယ် ပိုသန်မာပြီး အ​ပြင်မှနှောက်အယှက်များကို ဂရုမစိုက်ဘဲ စာကိုသာ တစိုက်မတ်မတ် အာရုံစိုက်ခဲ့လျှင် ... သူမ၏အဆုံးသတ်သည် အလွန်ကွာခြားသွားမည်ဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now