စုန့်ရှီးယွီသည် မျက်မှောင်ကြုတ်ရင်း သူရိုက်ထည့်လိုက်တဲ့ ကြမ်းတမ်းတဲ့စကားလုံးတွေအားလုံးကို ဖျက်ကာ ရိုးရှင်းသော [ဒါပဲ]ဟုပြောင်းရေးခဲ့ပါတယ်။ ထို့နောက်တွင်တော့ ဖုန်းကို သူ မမြင်နိုင်သည့် နေရာသို့ ပစ်ထားလိုက်ပါသည်။
ကျီဖန်ယင်းနဲ့ သူ နောက်ဆုံးအကြိမ်တွေ့ဆုံပြီးကတည်းက တစ်ခုခုမှားနေပါပြီ။
အရင်တုန်းကတော့ ကျီဖန်ယင်းရဲ့မျက်နှာကို သူသဘောကျခဲ့ပြီး ကျီရှင်းရှင်းနှင့် တူသော အမြွှာညီအစ်မတစ်ယောက် ကမ္ဘာပေါ်တွင်ရှိနေသည်မှာ ဘယ်လောက်ကောင်းလိုက်သလဲလို့ တွေးမိခဲ့ပါသေးတယ်။ သို့သော် ကျီဖန်ယင်း စတင်လှုပ်ရှားလာသည်၊ စကားပြောလာသည်နှင့် တပြိုင်နက် ခြားနားချက်သည် ချက်ချင်းထင်ရှားလာလိမ့်မည်။
ကျီဖန်ယင်းဟာ ကျီရှင်းရှင်းမဟုတ်ဘူး ဆိုတာကို သူသေချာပေါက်သိနေပေမယ့် ကျီဖန်ယင်းနဲ့ သုံးနာရီကြာအောင် အတူရှိနေခဲ့တုန်းက... တကယ့် ကျီရှင်းရှင်းအစစ် သူ့အနားမှာ ရှိနေသလိုပါပဲ။
ကျီဖန်ယင်း ထိုနေ့က ထွက်ခွာသွားပြီးနောက် သူသည် အလွန်စိတ်ပျက်သွားကာ စားသောက်ဆိုင်မှ ပန်းကန်များကိုပင် ရိုက်ခွဲလုနီးပါးပင်။
နောက်တစ်နေ့တွင် သူသည် သူ့ကိုယ်တိုင်တောင် ရေရေရာရာမသိဘဲ ကျီရှင်းရှင်း၏ နံပါတ်ကို ခေါ်ဆိုလိုက်မိသည်ကို တွေ့ရှိခဲ့သည်။ နောက်ဆုံးတော့ နှစ်ကြိမ်လောက်မြည်ပြီးနောက် တခြားတစ်ဖက်က ကိုင်လာပါသည်။
သူမ၏ အသံသည် အရင်ကလိုမျိုးပဲ ရွှင်မြူးပြီး ပေါ့ပါးနေသည်၊ "ရှီးယွီ၊ ဘာကိစ္စရှိလို့လဲ။"
“အမ် အဲ့တာက…” စုန့်ရှီးယွီသည် ဆက်မပြောမီ ခဏလောက် ရပ်တန့်နေခဲ့ပြီးမှ “ကိုယ် မင်းဆီက ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုရှိတယ်။ မင်းရဲ့အစ်မက ကိုယ့်ကိုသဘောကျနေခဲ့တာ၊ အရင်က ကိုယ့်ကို ဖွင့်ပြောဖူးတယ်။"
“ဘယ်လိုလုပ်...” ကျီရှင်းရှင်း ထိတ်လန့်စွာ ပြောလိုက်သည်။ ခဏအကြာတွင် သူမသည် ကိုယ့်ကိုကိုယ် အပြစ်တင်တော့သည် “ပဲရစ်ကိုသွားတဲ့ အဲဒီနေ့ နင်ငါ့ကို ဖွင့်ပြောနေတုန်းက… မမ ဝမ်းနည်းနေမှာပဲ။ ငါသာအစကတည်းကသိခဲ့ရင် ငါ…”

YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)