ကျီရှင်းရှင်းသည် သူမ ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းကို သင်ယူခဲ့ကြောင်း ဘိုင်ကျိုးကိုပြောခဲ့တာကို သတိရမိလိုက်သည်။ ခရစ္စမတ်နေ့တွင် သူနဲ့ မနက်ပိုင်းသာ ကုန်ဆုံးနိုင်တာကြောင့် သူ့အိမ်တွင် ချက်ပြုတ်ပေးရန် ပြောခဲ့သည်။
သူမသည် သူမ၏ကုန်ပစ္စည်းများကိုဝယ်ခဲ့သောကြောင့် ဘိုင်ကျိုး၏အိမ်သို့ အိတ်အကြီးကြီးတစ်လုံးဖြင့် ရောက်ခဲ့သည်။ ဓာတ်လှေကားဧည့်ခန်းရှိ အစောင့်တစ်ယောက်သည် သူမကိုတွေ့ကာ အမြန်လျှောက်လာခဲ့သည်။
{T/N: အားလုံးပဲ eng translatorက အိမ်တော်ထိန်းမဟုတ်ပါဘူးတဲ့၊ အစောင့်ကိုမှားရေးမိလိုက်တာပါတဲ့။}"ကျွန်တော်ကူပေးမယ်။" အစောင့်သည် သူမ၏အိတ်တစ်ဝက်လောက်ကို ပြုံးကာ သယ်ပေးသည်။
ကျီရှင်းရှင်းက အစောင့်ကို ခေါင်းညိတ်ပြပြီး ကျေးဇူးတင်လိုက်သည်။
အစောင့်က သူမနှင့် ရင်းနှီးသည့်ပုံပင် "ခင်ဗျား အများကြီး ထပ်ပြီး ယူလာပြန်ပြီ။ ဒီပစ္စည်းတွေအားလုံးကို ဝယ်ရတာ တော်တော်လေးခက်ခဲမှာပဲ။"
ကျီရှင်းရှင်း အေးခဲသွားသည်။
'ထပ်ပြီး?'
အစောင့်ဆီမှ စကားနှိုက်ရန် သူမ ဆုံးဖြတ်လိုက်သည်။ "မတတ်နိုင်ဘူးလေ။ သူက ကောင်းကောင်း မစားတော့ အာဟာရချို့တဲ့သွားမှာကို အမြဲ စိုးရိမ်နေရတယ်။"
"မစ္စတာဘိုင်က ဒီလောက်ထိအရပ်ရှည်တာ ခင်ဗျားကျေးဇူးကြောင့် ဖြစ်မယ်။" ဟု အစောင့်က စနောက်ပြောသည်။ ကျီရှင်းရှင်းနှင့်အတူ ဓာတ်လှေကားဆီသို့ လျှောက်သွားကာ 'Up' ခလုတ်ကို နှိပ်လိုက်သည်။
ကျီရှင်းရှင်းသည် ဘိုင်ကျိုး၏ ယွမ်ဆယ်သန်းတန် ကွန်ဒိုတိုက်ခန်းသို့ လာခဲ့သည်မှာ ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူမသည် အစောင့်နှင့် မရင်းနှီးပေ။
အကယ်၍ သူမသာ ဘိုင်ကျိုး၏ တိုက်ခန်းသို့ လာခဲ့သူမဟုတ်ရင်၊ အခြားဖြစ်နိုင်ချေတစ်ခုသာ ရှိတော့သည်၊ ကျီဖန်ယင်းပဲ။
'ဒင်း'ဟူသောအသံဖြင့် ဓာတ်လှေကားတံခါးများပွင့်လာသောအခါ အထဲတွင် ဘိုင်ကျိုးရပ်နေသည်ကို တွေ့လိုက်ရသည်။ ဓာတ်လှေကားတံခါးကို ပွင့်နေစေရန် ခြေထောက်ကို အထဲထည့်လိုက်ပြီး "မမ၊ အိတ်တွေ ကျွန်တော်ပဲ သယ်လိုက်မယ်။ အထဲဝင်လာခဲ့လိုက်။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)