အခန်း၁၅၆

1.1K 114 0
                                    

ကျီဖန်ယင်း၏ဖုန်းသည် 'Do-Not- Disturb' မုဒ်တွင် ရှိနေ​သေးသော်လည်း တုန်ခါသွားသည်။

သူမ၏ဖုန်းသည် 'Do-Not-Disturb' မုဒ်တွင် ရှိနေသောအချိန် သူမ၏ဖောက်သည်များနှင့် ကြိုတင်မှာယူမှုအက်ပ်ကသာ ဆက်သွယ်နိုင်စေရန် သူမဖုန်းကို သတ်မှတ်ထားသည်။

တုန်ခါမှုသည် သူမ၏အက်ပ်တွင် ကြိုတင်စာရင်းသွင်း​သည့် တောင်းဆိုချက်တစ်ခုကို လက်ခံရရှိထားကြောင်းကို ပြသသည်။

သူမ အိတ်သို့ လှမ်းကြည့်လိုက်သော်လည်း ဖုန်းကိုထုတ်၍​တော့မကြည့်ပေ။

သို့သော်လည်း သူမ၏ဖုန်းသည် အချိန်အတော်ကြာအောင် ဆက်လက်တုန်ခါနေခဲ့သည်။ သူမသည် အသိပေးချက်များစွာကို လက်ခံရရှိနေပြီး စုန့်ရှီးယွီ၏အာရုံကိုပင်ဖမ်းစားနိုင်ခဲ့သည်။

သူသည် အံ့အားသင့်စွာ ကျီဖန်ယင်းဘက်ကို ခေါင်းလှည့်ကာကြည့်လိုက်ပေမဲ့ ဘာမှမမေးခဲ့ပေ။

ကျီဖန်ယင်းက ပေါ့ပေါ့ပါးပါး လှည့်ကာ သူမတို့နောက်ကို ကြည့်လိုက်ပြီး "သူငါတို့နောက်ကို လိုက်မလာတော့ဘူး။"

...ဘိုင်ကျိုးက အခုအက်ပ်မှာ စာရင်းသွင်းနေတာတော့ မဟုတ်ဘူးမလား။ ငါ့ဖုန်း ဘယ်နှစ်ခေါက်တောင်မြည်နေတာလဲ။

ကျီဖန်ယင်းသည် စိတ်ထဲတွင် ကြိုးကြိုးစားစား တွက်ချက်လိုက်သည်။ ခုနကအကြာကြီးကို ဖုန်းကမြည်​နေတာ။

စုန့်ရှီးယွီက "သူငါတို့ကို ဘယ်လိုရှာတွေ့တာလဲ။ သူမင်းရဲ့လိပ်စာကိုသိပြီး အိမ်ကတည်းက လိုက်လာတာမဟုတ်ဘူးလား။"

ရည်ရွယ်သည်ဖြစ်စေ မရည်ရွယ်သည်ဖြစ်စေ ကျီဖန်ယင်းသည် ထိုစကားများကို ဂရုတစိုက်ဖြေဆိုရန် လိုအပ်သည်ဟု ​​တွေးခဲ့သည်။ သူမ၏ လိပ်စာကို ဖောက်သည်များကိူ အလွယ်တကူ ထုတ်မပြောချင်ပေ။

စုန့်ရှီးယွီသည် သူမ၏လိပ်စာကို အကြမ်းဖျင်းလောက်သိသော်လည်း အတိအကျ​တော့ မသိပေ။ ဘိုင်ကျိုးကလည်း သူမလိပ်စာကို မသိသေးပေ။ လီ​ရှောက်ရှင်းကတော့... သူက အစကတည်းက အကုန်သိနေတာပဲ။

"ကျီမိသားစုအိမ်ကိုတော့ သူသေချာပေါက် သိတာပေါ့။" ဒီမေးခွန်းကို ကျီဖန်ယင်းက ဂရုတစိုက် ပြန်ဖြေခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now