ကျီဖန်ယင်းသည် သူမဖုန်းကို ထုတ်လိုက်ပြီး ဘိုင်ကျိုးထံ သူမအကြွေးကိုဆပ်ရန် မက်ဆေ့ချ်တစ်စောင်ရိုက်ပြီး ယဉ်ကျေးစွာသတိပေးလိုက်သည်။ ထိုအချိန်တွင် သူမ၏နောက်ကွယ်မှ တုန်လှုပ်နေသော နှုတ်ဆက်စကားကို ရုတ်တရက်ကြားလိုက်ရလေသည်။
"ဟိုဟာ...မင်္ဂလာပါ"
သူမသည် တစ်စုံတစ်ယောက်၏လမ်းကြောင်းကို ပိတ်မိနေသလားဟု တွေးပြီး ကျီဖန်ယင်း လှည့်ကြည့်လိုက်ရာ သူမထံ ချဉ်းကပ်လာသူသည် အနည်းငယ် ရင်းနှီးပုံရနေသည်။
သူမသည် သူမ၏မှတ်ဉာဏ်ကို အနည်းငယ် လှုပ်ရှားလိုက်ရာ မနေ့တနေ့က ဘိုင်ကျိူးကိုစောင့်နေတုန်း ဘတ်စ်ကားမှတ်တိုင်မှာ သူမတွေ့ခဲ့သော လူငယ်များထဲမှ တစ်ယောက်ဆိုတာကို ပြန်သတိရလိုက်သည်။
အခြားတစ်ဖက်မှလူသည် တက္ကသိုလ်ကျောင်းသားသည် ပုံစံပေါက်ပြီး ညာဖက်ပခုံးတွင် လက်ပ်တော့ထည့်ထားသောအိတ်ကို တွဲလောင်းချ လွယ်ထားသည်။ သူသည် အံ့အားသင့်နေပုံရပြီး သူ့လက်တော့ပ်အိတ်ရဲ့ ကြိုးများကို ထိတ်လန့်စွာ ဆုပ်ကိုင်လိုက်ပြီး "အစ်မ ကျွန်တော့်ကို မှတ်မိလား"
ကျီဖန်ယင်းက တခစ်ခစ်ရယ်လိုက်သည်။ ဘိုင်ကျိုးကိုပို့မဲ့ မက်ဆေ့ချ်ကို အလျင်အမြန် ပြီးအောင် ရေးပြီး "အဲဒီအဆင့်ကို ခုထိမရှင်းနိုင်သေးဘူး" လို့ ပြန်ဖြေလိုက်သည်။
လူငယ်လေး၏ မျက်လုံးများသည် ချက်ချင်းပင် တောက်ပလာသည်။ "ကျွန်တော်စမ်းဆော့ကြည့်ပေးမယ်"
ဒီစကားကိုပြောပြီးတာနဲ့ သူ့ဖုန်းကို အမြန်ထုတ်ကာ လော့ခ်ဖွင့်ပြီး ကျီဖန်ယင်းကို ပေးလိုက်တယ်။ "ဒီမှာ ကျွန်တော့်ဖုန်းကို အရင်ယူထား... လက်တော့ပ်ရောပဲ။ ဒီလိုဆို အစ်မဖုန်းကိုအလစ်သုတ်သွားမှာကို စိတ်ပူစရာမလိုတော့ဘူး။"
ထိုမှစ၍ သူတို့နှစ်ဦးသည် ကားပါကင်ထဲတွင် ထိုအဆင့်ကိုမည်သို့ရှင်းရမလဲကို စိတ်အားထက်သန်စွာ ရှာဖွေကြတော့သည်။
လူငယ်သည် သူ၏ပထမဆုံးကြိုးစားမှုတွင် မအောင်မြင်သွားတာကြောင့် ကမန်းကတန်းရှင်းပြသည် "ကျွန်-ကျွန်တော့်ကို အချိန်နည်းနည်းလောက်ထပ်ပေးပါဦး။ ကျွန်တော် အခု နည်းနည်းသိသွားပြီ။ နောက်တစ်ခေါက်က ရှင်းနိုင်တော့မှာ။ ကျွန်တော် အစ်မကို တကယ်လိမ်နေတာမဟုတ်ပါဘူး။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)