"ဒီစားသောက်ဆိုင်က ကြက်ဥBenedict နာမည်ကြီးတယ်။ စားကြည့်မလား" စုန့်ရှီးယွီက အကြံပြုသည်။
ကြက်ဥBenedictသည် ပြင်ဆင်ရန် အတော်လေးခက်ခဲသော ဟင်းပွဲဖြစ်သည်။ အသားနှင့် အသီးအရွက်များပါသော ဟမ်ဘာဂါတစ်ခုကဲ့သို့ မြင်ရသော်လည်း ပေါင်မုန့်အစား ကြက်ဥရှိနေပြီး အပေါ်တွင် ဆော့စ်အဆိမ့်ကို ရွှဲနေအောင်လောင်းပေးထားသည်။
အရည်ရွှဲသော ပြီးပြည့်စုံသည့် ကြက်ဥကို ချက်ပြုတ်ခြင်းသည်ပင် ခက်ခဲသောအလုပ်ဖြစ်ပြီး တကယ်အရသာရှိသည့် ကြက်ဥBenedictသည်တော့ အားလုံးကို တပြိုင်နက် ပြင်ဆင်ရန် လိုအပ်ပါသည်။
ကျီဖန်ယင်းသည် အိမ်တွင် ကိုယ်တိုင်ပြုလုပ်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့သည်။ အရသာရှိခဲ့သော်လည်း တစ်ခုလေးအတွက်ပင် အရမ်းကြိုးစားအားထုတ်ခဲ့ရတာကြောင့် ထပ်မလုပ်တော့ပေ။
အခုသည် စားသောက်ဆိုင်မှာဆိုတော့မတူတော့ပေ။
၁၈၈ယွမ်မှ စတင်ရှိသည့် ကြက်ဥBenedictsများကိုကြည့်ရင်း ကျီဖန်ယင်းသည် ဈေးအကြီးဆုံးတစ်ခုကို ချက်ချင်းပင် ရွေးချယ်ခဲ့သည်။ "အမဲသားကြက်ဥ Benedictနဲ့ လိမ္မော်သီးဖျော်ရည်တစ်ခွက် ယူမယ်။"
"သူ့လိုအမဲသားနဲ့ လက်တေးတစ်ခွက်" စုန့်ရှီးယွီသည် မီနူးကို မကြည့်ဘဲ မှာလိုက်သည်။
စားပွဲထိုးသည် ထွက်ခွာမသွားမီ အမှာစာများကို ထပ်မံအတည်ပြုခဲ့သည်။
ကျီဖန်ယင်းက အေးအေးဆေးဆေး မေးထောက်လိုက်ကာ "နင်လည်းမစားရသေးဘူးလား"
"... မင်းနဲ့ အမြန်တွေ့ဖို့ ကိုယ်တစ်နာရီလောက်ကြိုပြီး အလုပ်သွားလုပ်ခဲ့တာ" လို့ စုန့်ရှီးယွီက ပြုံးပြီး "ရုံးကတခါတည်းလာခဲ့လို့ မစားရသေးဘူး"
"နင်ဘယ်လောက်ပဲ အလုပ်များများ၊ ကိုယ့်ကျန်းမာရေးကိုယ်တော့ ဂရုစိုက်ရမှာပေါ့။ ကျီဖန်ယင်းက စိုးရိမ်စွာပြောသည်။ "အရင်တုန်းက ဖျားထားတာကို မေ့သွားပြီလား"
စုန့်ရှီးယွီက မျက်လွှာချကာ ရေရွတ်လိုက်သည် "မမေ့နိုင်ပါဘူး၊ ခုထိခေါင်းထဲစွဲနေသေးတယ်။ အဲဒီနေ့က မင်းကိုယ့်ကို ဂရုစိုက်ပေးခဲ့တာတောင် ကျေးဇူးမတင်ရသေးဘူး... ဆန်ပြုတ် အရသာရှိတယ်။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Genel KurguTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)