ကျန်းနင်၏ ဦးဆောင်မှုအောက်တွင် အားလုံးက ကျီဖန်ယင်းကို ကောင်းမွန်စွာ ဆက်ဆံကြသည်။ သူတို့ထဲမှ အချို့သည် အခွင့်အရေးရှိရင် ပူးပေါင်းဆောင်ရွက်နိုင်သည်ဟုဆိုပြီး အရင်ဆုံး ဖုန်းနံပါတ်လဲလှယ်ရန်ပြောခဲ့ကြသည်။
အဲ့လိုနဲ့ ကျီဖန်ယင်း၏ friend listတွင် လူအသစ်အနည်းငယ် ရှိလာခဲ့ပါသည်။
သူမတို့ရဲ့ အပြန်အလှန်ပြောဆိုမှုတွေထဲမှ မကြာခင်မှာပဲ ကျန်းနင်ဟာ သာမန်မန်နေဂျာတစ်ယောက်မဟုတ်ကြောင်း ကျီဖန်ယင်း သိလာပါသည်။ သူမ၏နောက်ခံသည် နယ်နယ်ရရ မဟုတ်လောက်ပေ။
"ရှင်ဒီကိုဘယ်လိုလာတာလဲ။ တစ်ယောက်ယောက်ကို အိမ်ပြန်ခိုင်းပေးရမလား။" ကျန်းနင်က မေးသည်။
ကျီဖန်ယင်းက သူမဖုန်းကို ဝှေ့ယမ်းပြရင်း "ကျွန်မတက္ကစီတစ်စီး ခေါ်ထားတယ်၊ တစ်နာရီခွဲလောက်နေရင် ရောက်လာတော့မှာ။"
"ကျွန်မတို့ လိုက်ပို့တာ ပိုကောင်းမယ်ထင်တယ်။ ဟဲရှန်က တစ်ယောက်တည်း ကားမောင်းထွက်သွားတာဆိုတော့ ကျွန်မတို့ဆီမှာ လက်ထောက်နှစ်ယောက် အဆင့်သင့်ရှိတယ်" လို့ ကျန်းနင်က ပြောလိုက်ပါသည်။
ကျီဖန်ယင်းက နည်းနည်းစဉ်းစားလိုက်ရာ တစ်ဖက်သားရဲ့ စေတနာကို မငြင်းပယ်ဖို့ ဆုံးဖြတ်လိုက်သည်။ ကျန်းနင်ကို နှုတ်ဆက်ပြီးနောက် သူမသည် ဟဲရှန်တို့ကုမ္ပဏီမှ လက်ထောက်နှစ်ဦးနှင့်အတူ ဗင်ကားအနိမ့်ပေါ်သို့ တက်ကာ ထွက်ခွာသွားခဲ့သည်။
လက်ထောက်များအား သူမ၏လိပ်စာကို ပေးပြီးနောက်၊ သူမသည် ဖုန်းဖြင့် ရုပ်ရှင်သုံးသပ်ချက်ကို စတင်ရေးခဲ့သည်။
ကားငည် ကားပါကင်မှ ထွက်ပြီး ခန်းမအ၀င်ဝသို့ ဖြတ်လာလာသောအခါ ကျီဖန်ယင်းသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ တံခါးဝတွင် အဖေကျီနှင့် အမေကျီတို့ကို တွေ့လိုက်ရသည်။ စုန့်ရှီးယွီသည်လည်း သူတို့နှင့်အတူရှိနေသော်လည်း နေလို့မကောင်းလို့လားမသိ၊ သူ့နဖူးကို လက်ဖြင့် ဖိနေသည်။
သူနေမကောင်းဘူးလား။ ဖျားနေတဲ့အချိန် သေချာဂရုစိုက်သင့်တယ်...
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)