သူပြန်အိပ်ဖို့ရည်ရွယ်ချက်ဖြင့် စောင်ကို ဆွဲယူလိုက်ပေမယ့်လည်း စောစောက အိပ်တာကြာလွန်းတာကြောင့် ဖြစ်နိုင်သည်၊ လုံးဝမအိပ်ချင်ပေ။
နေ့လည်ခင်လောက်က သူစားခဲ့တဲ့ဆန်ပြုတ်သည် အကြာကြီး မခံပေ။ မတရားခံနေရသကဲ့သို့ သူ၏ဗိုက်သည် စတင်မြည်လာခဲ့သည်။
သူသည် ဝုန်းဒိုင်းကြဲနေသကဲ့သို့ အချိန်အတော်ကြာအောင် ကုတင်ထဲတွင် လူးလိမ့်နေခဲ့သည်။ တစ်နာရီလောက်ကြာပြီးနောက် သူ့ဖုန်းကို ပြန်ကောက်ရန် အိပ်ယာပေါ်မှ ထလာသည်။
စခရင်သည် အက်ကွဲသွားပြီး ပြဿနာအနည်းငယ်ရှိသော်လည်း ဖုန်းခေါ်ဆိုလို့တော့ရနေဆဲဖြစ်သည်။ သူ၏အဆက်အသွယ်များစာရင်းကို နှိပ်လိုက်သည်နှင့် တစ်ဖန် 'ကျီဖန်ယင်း' အမည်သည် သူ၏ဖုန်းစခရင်ပေါ်တွင် ပေါ်လာသည်။
သို့သော် ဆယ်နာရီနီးပါးရှိနေပြီဖြစ်သော်လည်း သူမ၏ဖုန်းသည် ပိတ်ထားဆဲဖြစ်သည်။
စုန့်ရှီးယွီသည် အချိန်ကိုကြည့်ကာ ကျီဖန်ယင်းက 'အရည်အချင်းကိုပဲရောင်းတာ ခန္ဓာကိုယ်မဟုတ်' ဟုဆိုထားသော်လည်း ကျီဖန်ယင်းသည် ပိုက်ဆံအတွက် ဘယ်လောက်လုပ်နိုင်လဲဆိုတာကို သံသယဖြစ်လာသည်။
သူက ညဘက် ဝန်ဆောင်မှုပါမပေးလောက်ဘူးမလား။
စုန့်ရှီးယွီ၏ ဦးနှောက်သည် အနည်းငယ် နှေးကွေးသွားပြီး မှင်တက်တက်ဖြင့် ဖုန်းကို စိုက်ကြည့်နေသည်။ သူ့ဦးနှောက်က ဘာကိုမှမတွေးနိုင်တော့သလို ခံစားနေရပေမယ့် တစ်ချိန်တည်းမှာပဲ အတွေးများစွာနဲ့ ပြည့်နှက်နေသလို ခံစားနေရသည်။
ထိုအချိန်တွင် သူ့ဖုန်းက ရုတ်တရက် တုန်ခါလာပြီး 'ကျီဖန်ယင်း' ဟူသော နာမည်က စခရင်တွင် ပေါ်လာသည်။
စုန့်ရှီးယွီသည် စခရင်ကို ကြောင်တက်တက်ဖြင့် စိုက်ကြည့်နေပြီး 'လက်ခံသည်' ဟူသော ခလုတ်အပေါ်တွင် သူ့လက်ချောင်းများ ဝဲပျံနေသော်လည်း တစ်နည်းနည်းဖြင့် မနှိပ်လိုက်ပေ။
သူအခု ကျီဖန်ယင်းရဲ့ အသံကို တကယ်ကြားချင်နေသလားဆိုတာ မသေချာပါဘူး။
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)