အခန်း၅၂

2.1K 279 3
                                    

ဖုန်းအော်ပရေတာမှ ကြေငြာဖုန်းဝင်သကဲ့သို့ သူမသည် လုံးဝဂရုမစိုက်ခဲ့ပေ။

သူ့ကို ဖုန်းချလိုက်လို့ စော်ကားတယ်လို့ ထင်သွားသည်လားမသိ၊ အဖေကျီသည် ဖုန်းပြန်မခေါ်ပေ။ ဒါပေမယ့် ဆယ်မိနစ်လောက်ကြာတော့ ကျီဖန်ယင်း မီးဖိုချောင်မှာ အလုပ်ရှုပ်နေချိန် အမေကျီဆီမှ ဖုန်းဝင်လာခဲ့တယ်။

သူမရဲ့လေသံက အဖေကျီနဲ့ ယှဉ်ရင် ပို၍အဆင်ပြေပါသည်။  ကျီဖန်ယင်းကို နာမည်ပြောင်နဲ့တောင် ခေါ်ပြီး "ယင်းယင်း အပြင်မှာ အဆင်ပြေရဲ့လား။ သမီးလက်ထဲမှာ ပိုက်ဆံအလုံအလောက်မရှိရင် အမေတို့ကို အားမနာဘဲ တောင်းလို့ရတယ်နော်။"

ကျီဖန်ယင်းက ကညွှတ်ကို ဆက်လှီး​နေသည်။  သူမသည် အမေကျီ၏ အသုံးမဝင်သော အပေါ်ယံ ကြောင်သူတော်ပုံရိပ်ကို လျစ်လျူရှုကာ စောစောက အဖေကျီကို ပြောခဲ့သည့်အတိုင်း "ဘာလိုချင်လို့လဲ"

ကျီဖန်ယင်း၏ ပြတ်သားမှုကြောင့် အမေကျီသည် နေရခက်စွာ ချောင်းဆိုးလိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားခဲ့သကဲ့သို့ တည်ငြိမ်အောင် ထိန်းနိုင်ခဲ့သည်။ သူမသည် မေးခွန်းကိုဖြေမယ့်အစား သူမက "အခုလောလောဆယ် ဘယ်မှာနေ,​နေတာလဲ" လို့မေးသည်။

"လာလည်မလို့လား" ကျီဖန်ယင်းက ပြန်မေးသည်။

အမေကျီသည် အချိန်အတော်ကြာ တုံ့ဆိုင်းနေပြီးနောက် ​သေသပ်ရပ်စွာ စကားပြောဆိုလာသည် "သမီးအဖေနဲ့အမေ... သမီးကို စိတ်ပူနေတာ။ တစ်ယောက်ယောက်က သမီးအဖေကို သိပ်မကောင်းတဲ့နေရာမျိုးမှာ တွေ့ခဲ့တယ်လို့ ပြောခဲ့တယ်။ ယင်းယင်း အမေ့ကိုအမှန်တိုင်းပြော။ မကောင်းတဲ့လူတွေနဲ့ပေါင်းမိပြီး မ​သင့်​လျော်တဲ့​နေရာ​တွေကို လိုက်သွားခဲ့တာလား။"

ကျီဖန်ယင်းက သူမ ရောက်ခဲ့တဲ့ နေရာတွေအကြောင်းကို တွေးလိုက်ကာ သူတို့ပြောတဲ့နေရာဟာ စုန့်ရှီးယွီနဲ့ တွေ့ခဲ့တဲ့ဘားဟု ကောက်ချက်ချလိုက်ပါသည်။

"အရွယ်ရောက်ပြီးတဲ့လူက ဘားကိုသွားတာ ပြဿနာရှိလို့လား။" ကျီဖန်ယင်း ဖာသိဖာသာ မေးလိုက်သည်။

အမေကျီသည် ချက်ချင်း တုန်လှုပ်သွားပြီး ချက်ချင်း "ပြဿနာရှိတာပေါ့။ ဂုဏ်သိက္ခာရှိတဲ့မိန်းကလေးတစ်ယောက်က အဲ့လိုနေရာမျိုးကို မသွားဘူး။ အမေတို့မိသားစုနဲ့ရင်းနှီးတဲ့လူတွေကသာ ဒီအကြောင်းသိသွားရင် အမေတို့ကိုဘယ်လိုထင်​ကြမလဲ စဉ်းစားကြည့်စမ်း။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now