အခန်း၁၉

2.6K 295 0
                                    

ဆယ့်ငါးနာရီဆက်တိုက် အလုပ်လုပ်ပြီးနောက် ကျီဖန်ယင်းသည် နောက်တစ်နေ့တွင် အနားယူရန် ဆုံးဖြတ်ခဲ့သည်။

စုန့်ရှီးယွီသည် လက်ရှိအချိန်တွင် အော့ဖ်လိုင်းဖြစ်နေပြီ။ သူမဘာမှမလုပ်နိုင်ပေ။ သို့သော် သူသည် နောက်ဆုံးတွင် ပြန်လာမည်ဖြစ်သောကြောင့် ကြီးကြီးမားမား စိုးရိမ်စရာမရှိပေ။

ကျီဖန်ယင်း၏ ဘဏ်အကောင့်သည် လောလောဆယ်တွင် ငွေများပြည့်နေပြီး အိမ်အသစ်အတွက် ချက်ခြင်းငွေပေးချေ၍ရနိုင်သည်။ သူမ အိမ်ပြောင်းဖို့ အလျင်မလိုတာကြောင့် သူမငှားထားတဲ့အိမ်မှာ အေးအေးဆေးဆေး တစ်နေကုန် တီဗီကြည့်ပြီး အနားယူခဲ့ပါသည်။

ညအချိန်တွင် ကျီရှင်းရှင်းက ဖုန်း​ခေါ်လာပြီး ပြင်သစ်မှာ သူမရဲ့နေ့စဉ်ဘဝအကြောင်း ပြောပြခဲ့ပါတယ်။

"အာ၊ ဟုတ်သားပဲ" ဖုန်းချခါနီးမှာ ကျီရှင်းရှင်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး “ချန်လင်းတို့က ​​တွေ့ဆုံပွဲတစ်ခုလုပ်မယ်လို့ ညီမ​လေးကြားခဲ့တယ်။ ညီမ​လေး အဲဒီကို မသွားနိုင်ဘူး၊ မမရော မသွားချင်ဘူးလားဟင်။"

ကျီဖန်ယင်းသည် ချန်လင်းဘယ်သူလဲဆိုတာ စဉ်းစားနေသည်။

"မမ၊ ချန်လင်းကို မေ့သွားတာလား။" ကျီရှင်းရှင်းက သူမကို ညင်သာစွာသတိပေးလာသည် “အထက်တန်းဒုတိယနှစ်တုန်းက ညီမလေးတို့ကျောင်းကို ပြောင်းလာခဲ့တာ​လေ။  သူက နောက်ခံကောင်းပြီး လှလည်းလှတော့ ဟိုတုန်းက အတော်လေးနာမည်ကြီးသေးတယ်။ သူလည်း ညီမလေးတို့ တက္ကသိုလ်က အင်္ဂလိပ်မေဂျာမှာတက်နေတာပဲ။”

ကျီဖန်ယင်းသည် ထိုကဲ့သို့သောလူကို မှတ်မိနေခြင်း မရှိသောကြောင့် ထိုသူသည် အရေးမကြီးသော လူတစ်ဦးသာဖြစ်သည်ဟု သူမထင်ခဲ့သည်။

သို့သော်၊ ​​တွေ့ဆုံပွဲသို့သွားမည့်လူများသည် ကျီရှင်းရှင်း၊ ကျီဖန်ယင်းတို့ နှစ်ယောက်လုံးနှင့် ရင်းနှီးမည့်ပုံပင်။ သူတို့သည် အသိုင်းအဝိုင်း တူညီတာကြောင့် ထင်ရှားသောနောက်ခံများမှဖြစ်နိုင်ချေရှိသည်... အဲ့တော့ ကျီရှင်းရှင်း၏ ငါးအချို့လည်း ထိုနေရာတွင်ရှိနေနိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now