အခန်း၇၉

1.7K 234 1
                                    

ဘိုင်ကျိုးသည် မီးဖိုချောင်တွင် အလုပ်ရှုပ်နေသော ကျီဖန်ယင်းကို ဘားထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်လေးထိုင်ရင်း ကြည့်နေသည်။

သူ ဒီနေ့ ဈေးကြီးတဲ့ အစားအသောက်တွေအစား ရိုးရိုးအိမ်ချက်ဟင်းကိုသာ စားချင်နေသည်။

ဘိုင်မိသားစုဝင် သုံးယောက်က စားပွဲတစ်ဝိုင်းတည်းမှာ စုပြီး ထမင်းအတူစားကြတာ ရှားပါသည်။ ပို​ပြီးအတိအကျပြောရလျှင် ဘိုင်ကျိုးသည် ထိုအချိန်ကို မှတ်ပင် မမှတ်မိနိုင်တော့ပေ။

သူတို့ သုံးယောက်က စားပွဲအကြီးကြီးတွင် အပြင်လူများစွာဖြင့် ထမင်းစားလျှင်စား မဟုတ်လျှင် သူတစ်ယောက်တည်းသာ စားရသည်။

ဘိုင်မိသားစုသည် သာမန်မိသားစုတစ်ခုဟု ယူဆရမည့်အရာနှင့် လွန်စွာ ကွာဝေးသည်။

ဘိုင်ကျိုးဟာ ဦးနှောက်ကို အမှောင်ချထားကာ မီးဖိုချောင်တွင် အလုပ်ကြိုးစား​နေ​သောသူက ဘယ်သူလဲဆိုတဲ့ အရေးကြီးမေးခွန်းကို ရှောင်နေသည်။ ထိုအစား၊ သူသည် ဒီအေးချမ်းသောအခိုက်အတန့်တွင် နစ်မြှပ်ချင်သကဲ့သို့ သူ့လက်ထဲတွင်ရှိ​နေသည့် ဖန်ခွက်အလွတ်အတိုင်း သူမကို စိတ်လွတ်စွာဖြင့် စိုက်ကြည့်နေသည်။

ဒါက အလုပ်ကနေ ပင်ပန်းပြီး အိမ်ပြန်ရောက်တဲ့အချိန် ပုံမှန်လူတွေ ခံစားရတဲ့ အေးချမ်းတဲ့ နွေးထွေးမှုဆိုတာလား။

ဘိုင်ကျိုးဟာ ဒီနေ့တွင် သူ့စိတ်ထဲမေ့ပစ်ချင်ကာ မတွေးချင်တော့သည့် အချက်အလက်တွေ အရမ်းများနေခဲ့သည်။ သို့သော်လည်း ပြီးခဲ့သောရက်အနည်းငယ်က သူ့ခေါင်းထဲတွင် ပတ်ချာလည်နေခဲ့သော မေးခွန်းတစ်ခုသည် သူ့ကို အနားမပေးခဲ့ပေ။

သူ့ရှေ့ကလူကို မေးခွန်းမထုတ်ဘဲ မနေနိုင်တော့ပေ။

သူ့ကိုယ်သူ ထိန်းချုပ်ထားဖို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပေမယ့် ကျီဖန်ယင်း ထမင်းစား စားပွဲပေါ် ဝက်နံရိုးကြာပန်းစွပ်ပြုတ်အိုးကို ချထားလိုက်တဲ့အခါ သူထုတ်မေးလိုက်ပါသည်။

"ဒီရက်တွေ ကျွန်တော်တို့နဲ့ အတူဂိမ်းဆော့နေခဲ့တဲ့လူက တကယ်မိန်းကလေးမလား။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now