အခန်း၁၂၁

1.7K 228 5
                                    

ဒီနေ့ဟာ မထင်မှတ်စွာပင် အလုပ်များသောနေ့တစ်နေ့ဖြစ်နေခဲ့ပါသည်။

နံနက်ခင်းတွင် သူမသည် ဗီဒီယိုကောဖြင့် အိမ်စာများကို စစ်ဆေးရန် လီ​ရှောက်ရှင်းနှင့် တစ်နာရီကြာ ချိန်းဆိုခဲ့ရပါသည်။ နေ့လည်တွင် သူမသည် ကျန်းနင်နှင့်အတူ နေ့လည်စာစားရင်း သူမတို့ရဲ့ရုပ်ရှင်အကြောင်းကို ဆွေးနွေးရမည်ဖြစ်ပြီး ထို့နောက်တွင် စုန့်ရှီးယွီနှင့် အနုပညာပြပွဲတစ်ခုကို သုံးနာရီကြာအောင် သွား​ကြည့်​ပေးရဦးမည်ဖြစ်သည်။ ညဘက်တွင် သူမသည် ဘိုင်ကျိုး၏သုံးနာရီချိန်းဆိုမှုအတွက် သူ့​အိမ်သို့ သွားကာ ဟင်းချက်ပေးရမည်ဖြစ်သည်။

တစ်ရက်တည်းမှာ ချိန်းဆိုမှုတွေ အများကြီးတိုက်နေတာ တော်တော်လေးကို ဒုက္ခရောက်ပေမယ့် အနည်းဆုံးတော့ သူမဟာ ငွေအတော်ရလိုက်တာပဲဖြစ်သည်။

တစ်နေ့တာအလုပ်များကိုကြည့်ရှုပြီးနောက်၊ သူမသည် ဖုန်းကိုယူကာ 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်ကို နှိပ်လိုက်သည်။

သူမ၏၀င်ငွေစုစုပေါင်းသည် ယခုအချိန်တွင် ၇မီလီယံထိ စုနိုင်ခဲ့ပြီဖြစ်သည်။ သူမတို့ရဲ့ရုပ်ရှင်ကို ရုပ်ရှင်ရုံတွေမှာ စတင်ပြသတာနဲ့ သူမ၏ငွေများသည် ဘီလီယံအထိ ရောက်ရှိသွားလောက်မည်။

သူမ၏အပိုငွေတွေကို ဘဏ်ထဲ မထည့်ဘဲ ငွေရေးကြေးရေး စီမံခန့်ခွဲသည့် ကုမ္ပဏီလက်သို့သာ အပ်နှံရန် ရွေးချယ်ခဲ့သည်။ သူမ ရသောအတိုးနှုန်းသည် အရမ်းမများပေမဲ့လည်း ငွေဖြစ်နေဆဲပင်ဖြစ်ပါသည်။

သူ ကူးပြောင်းလာသည်မှာ လအနည်းငယ်သာရှိသေးသော်လည်း ဒီလောက်ထိ ရောက်လာခဲ့ပြီဖြစ်သည်ဟာ အထင်ကြီးစရာကောင်းပါသည်။ ဇာတ်ညွှန်းရေးစတူဒီယိုက အခြေကျသွားတာနဲ့ သူမဟာ အစားထိုးအလုပ်ကနေထွက်နိုင်လောက်ပါပြီ။

အဲ့အချိန်ကို မျှော်နေမိပြီ။

...

မနက် ၁၀ နာရီမတိုင်ခင် နှစ်မိနစ်အလိုတွင် ကျီဖန်ယင်းဟာ သူမရဲ့ လက်တော့ပ်ကိုဖွင့်ကာ လီရှောက်ရှင်းရဲ့ ဗီဒီယိုခေါ်ဆိုမှုကို လက်ခံဖို့ရန် ပြင်ဆင်နေပါပြီဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now