အခန်း၃၅

2.4K 316 2
                                    

ကျီဖန်ယင်းရဲ့အိတ်ထဲက အချက်ပေးသံတစ်ခုထွက်လာမှသာ သူ၏ဒီဓာတ်ပုံပင်လယ်ကြီးထဲမှ ရုန်းထွက်နိုင်ခဲ့တယ်။

ဘိုင်ကျိုးက သူ့အိတ်ကို တစ်ချက်ကြည့်လိုက်ပြီး "အသံပိတ်လိုက်" ဟု အမိန့်ပေးလိုက်သည်။

ဒီတစ်ကြိမ်မှာတော့ ကျီဖန်ယင်းဟာ ဘိုင်ကျိုးရဲ့တောင်းဆိုမှုကို စိတ်ရှည်ရှည်နဲ့ မဖြည့်ဆည်းပေးခဲ့ပေ။  သူမသည် နာရီပေါ်ရှိအချိန်ကို တည်ငြိမ်စွာပြသပြီး "မင်းရဲ့အချိန် ကုန်သွားပါပြီ" လို့ပြောခဲ့ပါတယ်။

အခု ၈ နာရီရှိနေပြီ။ သူမ၏ဝန်ဆောင်မှု ပြီးဆုံးသည်နှင့် ဇိမ်ခံရွှေဖရုံသီးလှည်းသည် ပျောက်ကွယ်သွားပေလိမ့်မည်။

ဘိုင်ကျိုး: "…"

သူ့မျက်နှာအမူအရာသည် ဆိုးရွားနေပြီး မနိုင်သေးခင် ဂိမ်းစက်ကို အသိမ်းခံရသော ကလေးတစ်ဦးကိုပင် သွားသတိရမိပါသည်။

ကျီဖန်ယင်းသည် သူမ၏ ဖုန်းကို ထုတ်ကာ နှိုးစက်ကို ပိတ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်ကို ဘိုင်ကျိုးဘက်သို့ လှည့်လိုက်သည်။  သူမ၏ လုပ်ရပ်ကြောင့် ကျဉ်းမြောင်းသော neoprint boothအတွင်းတွင် သူတို့၏ ဒူးများကို မလွဲမသွေ ထိသွားပါတော့သည်။

ဘိုင်ကျိုးက သူ့အပေါ် ညစ်ပတ်တဲ့ တစ်စုံတစ်ခု ပေသွားသကဲ့သို့ ချက်ခြင်း နောက်ဆုတ်ကာ "မင်းဘာလုပ်နေတာလဲ"

"မင်းငါ့ကိုဖယ်ပေးရင် ကျေးဇူးတင်​မိမှာပဲ" ကျီဖန်ယင်းက ယဉ်​​ကျေးစွာ​ပြောသည်​။ "ငါရှစ်နာရီခွဲကျ လုပ်စရာရှိတယ်။ ငါက ချိန်းထားတာတွေ နောက်ကျတာကို မကြိုက်ဘူး။"

သူမသည် ကျဉ်းမြောင်းသော neoprint booth၏ တံခါးဝဆီသို့ တစ်ချက်ကြည့်လိုက်သည်။

ဒီneoprint boothထဲက ထွက်တဲ့လမ်းသည် တစ်လမ်းသာရှိ​ပြီး ဘိုင်ကျိုး၏ခန္ဓာကိုယ်ကြီးနဲ့ ပိတ်ဆို့နေတယ်။ သူလမ်းမဖယ်ပေးရင် ထွက်သွားလို့မရချေ။

"ဒါမှမဟုတ် မင်းငါ့ကို မသွားစေချင်တာလား"  သူမက ပေါ့ပေါ့ပါးပါး နောက်လိုက်သည်။

ထိုစကားများသည် ဘိုင်ကျိုးကို ထိရောက်စွာ ရန်စနိုင်ခဲ့ပါသည်။ သူသည် ကျီဖန်ယင်းကို စူးစူးရဲရဲ စိုက်ကြည့်ရင်း မတ်တပ်ရပ်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now