အခန်း၁၄၃

1.3K 196 9
                                    

စားပြီးသွားချိန်တွင် နှစ်နာရီထိုးတော့မည်ဖြစ်သည်။ ကျီဖန်ယင်းက စုန့်ရှီးယွီကို ကြည့်ပြီး "စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခုရှိလို့လား။"

စုန့်ရှီးယွီက သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး "ခဏ​နေမှ ပြောပြမယ်" ဟု ပြန်ဖြေသည်။

ကျီဖန်ယင်းသည် ချက်ချင်းပင် သူ့၏အမူအရာကို ဖတ်နိုင်လိုက်သည်။

သူသည် Idolနှင့် လက်ဆွဲနှုတ်ဆက်သည့် အခွင့်အ​ရေးရရန်အတွက် Idol၏ နောက်ဆုံးထွက်ရှိလာသည့် အယ်လ်ဘမ်ကို အလွန်အကျွံများပြားစွာဝယ်မည့် လူအမျိုးအစားဖြစ်နိုင်သည်။

အင်းလေ။ အဲ့ကုမ္ပဏီတွေကလည်း ငွေရရင်ပြီးတာပဲ လုပ်နေတာပဲကို။

ထို့နောက် ကျီဖန်ယင်းက စားပွဲကိုရှင်းပြီး ပန်းကန်တွေကိုဆေးလိုက်သည်။ နောက်ဆုံး သူမ၏timerမှ အသံမြည်လာသောအခါတွင်၊ သူမသည် တံခါးဝဆီသို့ ပေါ့ပါးစွာ လျှောက်သွားကာ အိတ်ကိုယူလာသည်။

"ဒီအကြောင်းပြောချင်နေတာလား။" ကျီဖန်ယင်းက သူမအိတ်ထဲက ပန်းချီကားကို ဆွဲထုတ်ပြီး စားပွဲပေါ်တင်လိုက်သည်။

"တခြားကိစ္စပါ။" စုန့်ရှီးယွီသည် စားပွဲပေါ်ရှိ ပန်းချီကားကို တစ်ချက်ကြည့်လိုက်ပြီး မကွဲပြားသွားသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ "မင်းအဲဒါကို မထုတ်ရသေးဘူးလား။"

"ဒီလိုက နင့်အတွက် ပိုကောင်းတယ် မဟုတ်ဘူးလား" ကျီဖန်ယင်းသည် ပန်းချီကားကို တိတ်တဆိတ် တွန်းပို့လိုက်သည်။ "ဘာပဲဖြစ်ဖြစ် နင်က ကျီရှင်းရှင်းကို လက်ဆောင်ပေးမှာဆိုတော့ မဖွင့်ရသေးလို့ ဝမ်းသာနေသင့်တယ်။ လိုရင်းပဲ တခါတည်းသွားရအောင်။ ဘယ်လောက်ပေးမှာလဲ။"

"နှစ်ဆ ပေးမယ်"

"ငါးဆ" ကျီဖန်ယင်းသည် စျေးနှုန်းကို ဘာသိဘာသာ မြှင့်လိုက်သည်။

သူမသည် ပန်းချီစျေးနှုန်း၏ တစ်ရာခိုင်နှုန်းမျှကိုပင် မ​ပေး​ချေခဲ့သော်လည်း စျေးကိုပိုတင်နေသည်။

"ကောင်းပြီ" စုန့်ရှီးယွီက ဆက်မပြောခင် ခဏရပ်လိုက်ပြီး "ဒါပေမယ့် ကိုယ်ပြောမယ့်စကားကို နားထောင်ရမယ်။"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now