အခန်း၁၃၉

1.2K 170 1
                                    

ကျီရှင်းရှင်း၏ ခန္ဓာကိုယ်သည် နံရံမှီရင်း မြေပြင်ဆီသို့ ဖြည်းညှင်းစွာ လျှောကျလာကာ ဘောလုံးတစ်လုံးကဲ့သို့ ကွေးလိုက်သည်။ သူမစိတ်ထဲတွင် တစ်စုံတစ်ယောက်သည် အားလုံးကို ဖျက်ဆီးပစ်လိုက်သကဲ့သို့ တုန်လှုပ်ခြောက်ခြားသွားပြီး အချိန်အနည်းငယ်ကြာမှသာ အသိဝင်လာသည်။

နောင်တရဖို့က နောက်ကျသွားပြီ။ ဒီအချိန်မှာ ဘာလုပ်လုပ် အသုံးဝင်မှာမဟုတ်ဘူး။ 'ကျီဖန်ယင်း' က မျက်နှာဖုံးကွာသွားပြီဆိုတာ သတိမထားမိသေးတော့ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့ နည်းလမ်းကို စဉ်းစားရမယ်။

ကျီရှင်းရှင်းသည် နားထင်ကိုနှိပ်နယ်ရင်း မတ်တပ်ပြန်ရပ်လိုက်သည်။ ထို့နောက် သူမ၏ဖုန်းကိုထုတ်ကာ စစ်ဆေးကြည့်လိုက်သည်။

စန်းရှန်းရန်ထံမှ ဖုန်းလွတ်သွားကြောင်း အသိ​ပေးချက်တစ်ခုရှိ​နေသည်။ သူမသည် အသိပေးချက်ကို ဆွဲဖယ်လိုက်ကာ WeChatကို နှိပ်လိုက်ရာ စန်းရှန်းရန်ဆီမှ ရုတ်တရက် အရေးကြီးကိစ္စရောက်လာလို့ မဆုံနိုင်တော့တဲ့အကြောင်း မက်ဆေ့ချ်ရောက်လာထားသည်။

သူမ၏အသားအရေသည် လက်ရှိတွင် ဖြူဖျော့နေသော်လည်း သူမရေးလိုက်သော မက်ဆေ့ချ်သည်တော့ ချစ်စရာကောင်းပြီး အပြစ်ကင်းစင်​နေသည်။ ်သူမဆို သူမကို မုန်းရန် ခဲယဉ်းပေလိမ့်မည်။

မက်ဆေ့ချ်ပို့ပြီးနောက် ကျီရှင်းရှင်းသည် သူမ၏ဖုန်းကိုသိမ်းကာ ရုပ်ရှင်မြို့တော်မှ ထွက်ခွာသွားခဲ့သည်။

ငါခရစ္စမတ်မှာ ဒိတ်သုံးခုမလုပ်ခင် ကျီဖန်ယင်းရဲ့ အခြေအနေကို အရင်အတည်ပြုဖို့ လိုတယ်။

ကျီရှင်းရှင်းက တက္ကစီတစ်စီးကို လှမ်းခေါ်ပြီး အိမ်ပြန်ခဲ့တယ်။ ကျီမိသားစုထဲသို့ ဝင်လိုက်သောအခါတွင် သူမ၏ မျက်နှာသည် အသက်မဲ့နေသောကြောင့် အဖေကျီနဲ့ အမေကျီတို့ ထိတ်လန့်သွားကြသည်။ သူတို့က စိုးရိမ်တကြီး "ရှင်းရှင်း ဘာဖြစ်တာလဲ။ ဘယ်သူ သမီးကို အနိုင်ကျင့်လိုက်တာလဲ"

"သမီးဘာမှမဖြစ်ပါဘူး" ကျီရှင်းရှင်းက သူမကိုယ်သူမ တွန်းအားပေးကာ ပြုံးလိုက်ပြီး "မမ ဘယ်မှာနေတာလဲ သိလားဟင်"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now