အခန်း၁၆၆

931 108 1
                                    

ကျီရှင်းရှင်းသည် ဘိုင်ကျိုး၏မေးခွန်းကို ဖြေခါနီးတွင် မီးဖိုချောင်မှ ဖြတ်သွားသော သူမ၏အခန်းဖော်အမျိုးသမီးက "ဘေဘီရေ!"

ကျီရှင်းရှင်း လန့်သွားသည်။ ထို့နောက် အခန်းဖော် အမျိုးသမီးဘက် လှည့်ပြီး "အင်း?" ဟု မေးသည်။

"နင်..." သူမကို ခေါ်လိုက်သော်လည်း အခန်းဖော် အမျိုးသမီးက အဓိကအကြောင်းအရာကိုပြောရန် တုံ့ဆိုင်းနေပါသည်။ "နင်တရုတ်ပြည်ကို ဟိုတလောကပြန်သွညးတယ်မလား။ အဲ့တာနင့်ရည်းစားကိုသွားတွေ့တာလား။"

ကျီရှင်းရှင်း အံ့သြသွားသည်။  "ငါ့မှာ ရည်းစားမရှိပါဘူး"

အပြစ်ကင်းစင်သော အခန်းဖော်က သက်ပြင်းတစ်ချက်ချလိုက်သည်။ "အဲ့တော့ နင်ဘယ်သူနဲ့မှတွဲမနေဘူး၊ ဟုတ်တယ်မလား။ တော်သေးတာပေါ့။ ဗီဒီယိုထဲကတစ်ယောက်က နင်မဖြစ်နိုင်ဘူးဆိုတာ ငါသိသားပဲ၊ ဒါပေမယ့် ယွီလေးက မယုံဘူးလေ။"

ဒီအခန်းဖော်အမျိုးသမီးနဲ့ သူမရဲ့ရည်းစားက ကျီရှင်းရှင်းနှင့် အတူတူနေပါသည်။ သူမသည် ကျီရှင်းရှင်းနဲ့အတူတူ အတန်းတက်ကာ သူမကို အရမ်းနှစ်သက်သည်။

ယွီလေးသည်တော့ သူမ၏ချစ်သူဖြစ်သည်။

"ဘာဗီဒီယိုလဲ" ကျီရှင်းရှင်း၏ ပင်ကိုယ်အသိအရ သူမခေါင်းထဲတွင် သတိပေးခေါင်းလောင်းသံများ မြည်လာသည်။

"ဒီမှာလေ"  အခန်းဖော်အမျိုးသမီးက ဗီဒီယိုကို အမြန်ရှာဖွေပြီး ကျီရှင်းရှင်းအား ပြသခဲ့သည်။ "ဟိုတနေ့က ငါ့ရဲ့feedထဲ ပေါ်လာတာ။ ဗီဒီယိုထဲကအမျိုးသမီးရဲ့အသံက တကယ်နင်နဲ့လုံးဝကိုတူတယ်။"

သူမစကားပြောနေရင်း ဗီဒီယို၏ အသံကို အသံချဲ့လိုက်သည်။

ဒါသည် နှစ်မိနစ်ကြာ ဗီဒီယိုတစ်ခုဖြစ်သည်။ ဗီဒီယိုထဲမှစကားများသည် နောက်ခံအသံများနှင့် ရောထွေး​နေသောကြောင့် ဗီဒီယိုကိုတည်းဖြတ်ထားသူသည် စာတန်းထိုးထပါသည်။

ကျီရှင်းရှင်း၏ မျက်လုံးများသည် 'တိုက်ဆိုင်လိုက်တာ' ဟူသော စကားကို သူမကြားလိုက်ချိန်တွင် ပြူးကျယ်သွားသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now