အခန်း၁၅၄

985 106 0
                                    

နောက်တစ်နေ့ မနက်စောစောတွင် သူ့၏အခန်းဖော်သုံးယောက်သည် ဘိုင်ကျိုးကို ရှော့ပင်းမောလ်ဆီသို့ ဆွဲခေါ်သွားကြသည်။

သူတို့သုံးယောက် အနုပညာစတူဒီယိုထဲ လှည့်ပတ်ကြည့်နေ​ကြတုန်း ဘိုင်ကျိုးသည် ကျီဖန်ယင်း၊ ကျီရှင်းရှင်းနဲ့ ချန်ယွမ်ရှန်းတို့နှင့်ပတ်သက်သည့် အဆုံးမသတ်နိုင်တဲ့ အတွေးများကြောင့် စိတ်မွန်းကျပ်ပြီး ဆေးလိပ်သောက်ရန် ထွက်လာခဲ့သည်။

အခုချိန် မနက်၉နာရီတောင်မထိုးသေးဘူး။

ပင်ပန်နွမ်းနယ်နေသလို ခံစားလိုက်ရပြီး သမ်းဝေလိုက်သည်။

သူဆေးလိပ်သောက်နေတုန်း ကျီရှင်းရှင်းဆီမှ ဖုန်းဝင်လာသည်။ စိတ်ထဲတွင် အမြန်တွက်ချက်လိုက်ရာ ကျီရှင်းရှင်း၏လေယာဉ်သည် ပဲရစ်သို့ရောက်နေလောက်ပြီဖြစ်သည်။

ပုံမှန်ထက်စောတယ်။ သူမ၏ဖုန်းခေါ်ဆိုမှုသည် ​လေယာဥ်ဆိုက်ပြီး တစ်နာရီနောက်ကျပြီးမှ ရောက်လာတတ်သည်ပင်။

ထိုအတွေးသည် သူ့စိတ်ထဲတွင် လျင်မြန်စွာ အမြစ်တွယ်လာပြီး ပေါ့ပေါ့ဆဆမေ့လိုက်လို့မရဘူးဆိုတာ သိလိုက်ရသည်။

ဘိုင်ကျိုးက ဖုန်းကို ဖြည်းညှင်းစွာ မကိုင်ခင် သူ့နှုတ်ခမ်းတွေကို တင်းတင်းကြပ်ကြပ် ဖိထားခဲ့သည်။ "မမ၊ ပဲရစ် ရောက်​နေပြီလား"

"ဟုတ်​တယ်​၊ အခုလေးတင် လေယာဉ်ပေါ်ကဆင်းလာပြီး ခရီးဆောင်အိတ်တွေ သွားယူနေတာရယ်။" လို့ ကျီရှင်းရှင်းက သူမ၏ ပုံမှန် ရွှင်မြူးသော လေသံဖြင့် ပြန်ပြောခဲ့ပါသည်။ "ထင်တောင်မထားဘူးနော်၊ ဒီအချိန် မင်းအိပ်ပျော်နေတုန်းလို့ ထင်ထားတာကို။ ဒီနေ့ အပြင်သွားစရာရှိလို့လား။"

ဒါဟာ အပြစ်ကင်းစင်ပြီး ပေါ့ပါးသော မေးခွန်းတစ်ခုကဲ့သို့ပုံပေမယ့် ဘိုင်ကျိုးကတော့ သူ့ကိုစကားနှိုက်ရန် ကြိုးစားနေတယ်ဆိုတာ ခံစားလိုက်ရသည်။ သူနည်းနည်းတော့ ထိတ်လန့်သွားသည်။

"ကျွန်တော် အခန်းဖော်တွေနဲ့ အပြင်ရောက်နေတာ။ ပစ္စည်းတွေဝယ်ပြီး ဟော့ပေါ့လည်းဝင်စားမလို့" ဟု ပြန်လည်ဖြေကြားခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now