အမျိုးသမီးများသည် ထူးဆန်းသော သတ္တဝါများဖြစ်သည်။ အကြောင်းပြချက်မရှိဘဲ တစ်ယောက်နဲ့တစ်ယောက် မုန်းတီးနိုင်ပေမယ့် နားမလည်နိုင်သော အကြောင်းပြချက်များကြောင့်လည်း ခင်မင်ရင်းနှီးလာနိုင်ပါသည်။
ကျန်းနင်နှင့် ကျီဖန်ယင်းတို့၏ ရင်းနှီးမှု အပွင့်အခက်များသည် လွန်ခဲ့တဲ့တစ်လလောက်က စတင်ပေါက်ဖွားခဲ့ပြီး အခုချိန်မှာတော့ သူမတို့ဟာ အချစ်ဆုံးသူငယ်ချင်းတွေဖြစ်နေကြပါပြီ။
နေ့လယ်စာစားပြီး သူတို့နှစ်ဦးသည် အလုပ်ကိစ္စများကို ဆွေးနွေးခဲ့ပြီးနောက် အလာပသလာပတွေတုပ်ကြတော့သည်။ ကျန်းနင်သည် အဘိုးကြီးဆန်စွာ ရေနွေးကြမ်းကို သောက်လိုက်ပြီး "တကယ်တော့ ဟဲရှန်က နင့်ကိုအရင်စသတိထားမိတာဘဲ၊ ဒါပေမယ့် နင်နဲ့တွေ့ပြီးတော့ နင်က တော်တော်လေး ထူးခြားတယ်ဆိုတာ သိလိုက်ရတယ်လေ။ ပွင့်ပွင့်လင်းလင်းပြောရရင် ငါသူငယ်ချင်းတစ်ယောက်နဲ့ လုပ်ငန်းအတူလုပ်ဖို့ မတွေခဲ့ဖူးပေမဲ့ နင်နဲ့ ဒီစတူဒီယိုကို တည်ထောင်တာကိုတော့ ငါလုံး၀စိတ်မပူဘူး။"
ခေါင်းစဉ်က ဟဲရှန်ဆီကိုရောက်သွားတာကြောင့် ကျီဖန်ယင်းသည် "ငါသူပထမဆုံးသရုပ်ဆောင်တဲ့ဇာတ်ကားကစလို့ ဇာတ်လိုက်မဟုတ်တဲ့ကားအထိ ဟဲရှန်ရဲ့ဇာတ်ကားတွေ အကုန်ကြည့်ဖူးတယ်"
ကျန်းနင်က တိုးတိုးလေး ရယ်လိုက်ပြီး "သူသာ ကြားရရင် အသေပျော်နေလောက်တယ်။ ဒါနဲ့ ရုပ်ရှင်သုံးသပ်ချက် တင်ထားသေးလား။"
"ငါစာစီနေတုန်းရယ်။ ရုပ်ရှင်သုံးသပ်ချက်ဆိုတာထပ်၊ သရုပ်ဆောင်အကြောင်းကို သုံးသပ်ချက်ရေးနေတာ။ ငါ့ရဲ့ ပရောဂျက်အသစ်လေ။" ကျီဖန်ယင်းက ဖြေကြားခဲ့ပါသည် "ကြိုပြောထားရဦးမယ်၊ သုံးသပ်ချက်ထဲမှာ သူသဘောမကျလောက်မဲ့စာတွေလည်း ရှိနိုင်တယ်။"
"စိတ်ပူမနေနဲ့" ကျန်းနင်သည် လက်ဝှေ့ယမ်းကာ ဘာသိဘာသာပင် "သူက နင်ဘာပြောပြော မှန်တယ်ပဲတွေးတာ။ ရုပ်ရှင်အကြိုက်နှင့် အကဲဖြတ်တာတွေဆိုရင် နင်တို့နှစ်ယောက်က အမြင်တူကြတယ်။ ပြောရရင် သူနင့်Weibo အကောင့်ကို ရှာတွေ့တဲ့အချိန်ကတည်းက နင်တင်ထားတဲ့ ရုပ်ရှင်သုံးသပ်ချက်တိုင်းကို သူဖတ်တယ်။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)