အခန်း၅၆

2.1K 277 4
                                    

ကျီဖန်ယင်း တွေးနေစဉ် အနီရောင် ငါးမြီးစကတ်ဂါဝန်ကို ၀တ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဒေါက်မြင့်ဖိနပ်၏ ကျယ်လောင်သော အသံနှင့်အတူ ​ရောက်​လာခဲ့သည်။

တခြားတစ်ဖက်မှလူသည် ကျီဖန်ယင်းနဲ့ရင်းနှီးသော ယုံကြည်ချက်ရှိပြီး အောင်မြင်​သောအမျိုးသမီးတစ်ယောက်ရဲ့ ခံစားချက်တွေကို ပေးစွမ်းခဲ့သည်။ ထိုသို့သော အမျိုးသမီးများသည် ခြေသဲများဖြင့်ပင် ကြံခိုင်သော စိတ်ဓာတ်ကိုခံစားရနိုင်ပြီး ဘယ်လို လူမှုရေးပွဲမျိုးတွင်မဆို ထင်ပေါ်နေတတ်သည်။

"ရှင်က မစ္စ 'ထူးခြားတဲ့ယင်းရှပ်ရှင်'လားရှင့်"  ယုံကြည်မှုရှိသော အမျိုးသမီးသည် သူမလက်ကို ဆန့်လိုက်သည် "ကျွန်မက ဟဲရှန်ရဲ့ မန်နေဂျာ ကျန်းနင်ပါ။ ဘယ်လိုခေါ်ရမလဲမသိဘူး။"

"ကျွန်မက ကျီဖန်ယင်းပါ" ကျီဖန်ယင်းက တစ်ဖက်လူရဲ့လက်ကိုကိုင်ကာ နှုတ်ဆက်လိုက်သည်  "ကျွန်မကို အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။"

ကျန်းနင် တိုးတိုးလေး ရယ်လိုက်သည်။ "ရှင်ဒီလောက်ငယ်လိမ့်မယ်လို့ ထင်​တောင်မထားဘူး။"

ကျီဖန်ယင်းသည် ကျန်းနင်သည် ဤနေရာတွင် တစ်ခုခုကို ပြောချင်နေသလို ခံစားလိုက်ရသည်။

"ဟဲရှန်က လုပ်စရာ​လေးတစ်ခုရှိပြီး ​ဒီကိုမ​ရောက်သေးလို့ ကျွန်မကို ​အရင်ခေါ်သွားခိုင်းလိုက်တာ။ သူက ရှင့်ရဲ့ ရှပ်ရှင်သုံးသပ်ချက်ကို မျှော်လင့်​ပါတယ်လို့လည်း ပြောခိုင်းလိုက်သေးတယ်။" ကျန်းနင်သည် ဧည့်​ကြိုဧရိယာဘေးရှိ နားနေခန်းဆီကို လက်​ဖြင့် ညွှန်လိုက်သည်။  "ရှပ်ရှင်ပြဖို့ အချိန်နည်းနည်းလိုသေးတယ်၊ ထိုင်ပြီး အနားယူချင်လား"

ကျီဖန်ယင်းသည် ဤရုတ်တရက်ကမ်းလှမ်းချက်ကြောင့် ပို၍ပင် စိတ်ရှုပ်သွားသည်။

သူမ ခဏလောက်စဉ်းစားပြီးနောက် ခေါင်းမညိတ်လိုက်သည် "ဟုတ်ကဲ့"

ဟဲရှန်ကလည်း ကျီရှင်းရှင်းရဲ့ ငါးတွေထဲကပဲလား။

ထိုအရာက အဓိပ္ပာယ်မရှိပေ။ ကျီရှင်းရှင်းသာ ထိုကဲ့သို့ ထူးချွန်သူတစ်ဦးကို ဆွဲဆောင်နိုင်ခဲ့ရင် ဘယ်သူမှမသိဘဲနေမှာ မဟုတ်ချေ။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now