အခန်း၁၂၇

1.7K 239 4
                                    

ကျီဖန်ယင်းသည် သူမကြာရှည်စွာ စောင့်မျှော်ခဲ့ရသော အနားယူရက်များသည် ငြိမ်းချမ်းစွာ ကုန်ဆုံးနိုင်မည် မဟုတ်ကြောင်း ခံစားခဲ့ရသော်လည်း သူမသည် အိမ်တွင်သာ နေပြီး ရုပ်ရှင်များကို ရူးရူးမူးမူးကြည့်နေခဲ့ပါသည်။

ပထမနေ့ကို ထိုကဲ့သို့ အေးချမ်းစွာ ဖြတ်သန်းခဲ့သည်။

စိတ်အားထက်သန်မှုများစွာဖြင့် သူမသည် တစ်ရက်တည်းအတွင်း ရုပ်ရှင်သုံးသပ်ချက် သုံးကြိမ်ကို ဆက်တိုက်တင်ခဲ့ပြီး စိတ်ရင်းဖြူစင်ကြသော အင်တာနက်အသုံးပြုသူများထံမှ စိတ်ခံစားချက်ရမှတ် အများအပြားကို ရရှိခဲ့သည်။

ဒါတွေအားလုံးပြီးမှ နောက်ဆုံးတွင် သူမရဲ့ မက်ဆေ့ချ်တွေကို စတင်စစ်ဆေးခဲ့သည်။

ကျီရှင်းရှင်းက သူမ လေယာဉ်ပေါ်တက်သွားပြီဆိုသော မက်ဆေ့ချ်နှင့် ဘေးကင်းစွာ ရောက်လာခဲ့ပြီဆိုတဲ့ မက်ဆေ့ချ်ကို ပို့ထားခဲ့ပါသည်။ သူမက အိမ်ပြန်ရောက်နေပြီ ဆိုတာရော၊ သူမကို စိတ်ပူစရာမလိုပါဘူးတွေရော ပို့ထားသည်။

ကျီရှင်းရှင်းကို လာကြိုမည့်လူများသည် လေဆိပ်အပြင်ဘက်တွင် ကားတန်းကြီးကဲ့သို့ ရှိနေနိုင်သည်။ ထို့ကြောင့် ကျီဖန်ယင်းသည် သူမလုံခြုံရေးအတွက် လုံးဝစိုးရိမ်နေမနေပေ၊ သို့သော်လည်း ကျီရှင်းရှင်း၏စာများကို မသိချင်ယောင်ဆောင်ပြီးသာ ဖြေလိုက်သည်။

ကျီရှင်းရှင်း သူမအိမ်တံခါးကို လာမခေါက်သရွေ့ ကျီရှင်းရှင်းနှင့်ဆက်ဆံရန် စိတ်မ၀င်စားပေ၊ သို့သော်လည်း... ဒါက အခွင့်အရေးကောင်းတစ်ခုပါပဲဟု သူမ တွက်ထားသည်။

ကျီရှင်းရှင်းသည် တရုတ်သို့ တကူးတက ပြန်လာခဲ့ပြီ။ အလည်လာတာ ဖြစ်​စေ၊ လာစောင့်ကြည့်တာ ဖြစ်စေ သူမဂရုမစိုက်ပေ။ သူမက စုန့်ရှီးယွီနှင့် ဘိုင်ကျိုးတို့ ပြောင်းလဲနေမှု၏ နောက်ကွယ်မှ အကြောင်းအရင်းဆိုတာ သိသွားမည်ကိုလည်း စိတ်မဝင်စားပေ။

သူမ၏WeChatမက်ဆေ့ချ်များကို ကြည့်ရှုရင်း ကျီဖန်ယင်းသည် friend requestတစ်ခု လက်ခံရရှိထားကြောင်းကို သတိပြုမိခဲ့သည်။ friend requestပို့ထားသောလူသည် သူမတို့စတူဒီယို ရိုက်နေသောဇာတ်ကားမှ အရန်သရုပ်ဆောင်တစ်ဦးဖြစ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now