အခန်း၈၄

2K 282 5
                                    

ဘေးဘက်ဝင်ပေါက်နားသို့ နီးကပ်လာ​သောအခါ ကျီဖန်ယင်းသည် အတွင်းမှထွက်လာသည့် သီချင်းသံနှင့် စကားပြောသံများ ရောထွေးနေသည်ကို ရှင်းလင်းစွာ ကြားလာရသည်။

ထိုအချိန်တွင် ဘတ်စကက်ဘောအသင်းဝတ်စုံဝတ်ထားသော ကျောင်းသားတစ်ဦးသည် ပြေးထွက်လာပြီး ချန်ယွမ်ရှန်းကိုတွေ့သောအခါ၊ အမြန်ဆွဲ​ကိုင်ကာ "ဆယ်မိနစ်တောင်ရှိနေပြီ။ မြန်မြန်ကွင်းထဲဝင်တော့။"

"ကျွန်တော် အစ်မ ထိုင်ဖို့နေရာကို တစ်ယောက်ယောက်ကို ရှာခိုင်းလိုက်မယ်..." ချန်ယွမ်ရှန်းက အချိန်ဆွဲနေတာကြောင့် အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါးဖြင့် အသင်းဖော် သုံးယောက်သည် ထိုအခိုက်အတန့်တွင် ပြေးလာပြီး သူ့ကို ဆွဲ​ခေါ်သွားလိုက်ကြသည်။

ကျီဖန်ယင်းက ချန်ယွမ်ရှန်းကို ပြုံးကာ လက်ဝှေ့ယမ်း​ပြပြီး ပါးစပ်ဖြင့် 'ကောင်းကောင်းလုပ်ခဲ့နော်'ဟု အသံတိတ် ပြောလိုက်သည်။

ချန်ယွမ်ရှန်းက တံခါးအစွန်းကို ဖမ်းဆုပ်သော်လည်း သူ့အသင်းဖော်များကြောင့် ကြမ်းပြင်တံင် သေချာပင်မရပ်နိုင်တော့ပေ၊ "အစ်မ၊ ခဏနေ ကျွန်တော့ကိုပဲကြည့်နေနော်။"

အဲဒါနဲ့ပဲ သူ မထင်ထားလောက်အောင်အထိ သနားစရာကောင်းသောပုံစံဖြင့် ဆွဲ​ခေါ်ခံခဲ့ရသည်။

သူ့အသင်းဖော်များက "မင်းလို ရေခဲတုံးက စရိုက်လုံးဝပြောင်းပြန်ဖြစ်သွားတာ တကယ့်ကို ကြောက်စရာကောင်းတာပဲ…"

ကျီဖန်ယင်းက သူတို့ကိုကြည့်ကာ ရယ်မောလိုက်သည်။  သူမသည် သူတို့နောက်မှ အားကစားရုံထဲသို့ အေးအေးလူလူ ဝင်ရောက်ခဲ့ပြီး ​နေရာတစ်ဝိုက်ကို ​ဝေ့ကာကြည့်ရှုလိုက်သည်။

ပရိသတ်ရှိသည်မှာ ပုံမှန်တိုသော်လည်း ယခုအချိန်တွင် အားကစားရုံတစ်ခုလုံး ပြည့်နှက်နေသည်။

အံ့သြစရာကောင်းတာက သူမဟာ ပရိသတ်များကြားထဲတွင် ရင်းနှီးတဲ့မျက်နှာဖြစ်သော စုန့်ရှီးယွီကို တွေ့ရှိခဲ့ပါတယ်။

သူသည် ယခုအခါတွင် အောင်မြင်သော စွန့်ဦးတီထွင်သူဖြစ်လာတာကြောင့် ကျော်ကြားသော ကျောင်းသားဟောင်းတစ်ဦးအဖြစ် ဖိတ်ကြားခံခဲ့ရခြင်း ဖြစ်နိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now