အခန်း၁၇၆

962 128 1
                                    

မကြာမီ chatထဲတွင် အဖြူရောင်မက်ဆေ့ခ်ျများ ထွက်ပေါ်လာသည်။

ချန်ယွမ်ရှန်းတွင် အကျင့်တစ်ခုရှိသည်။ သူသည် သူ့ကိုယ်သူ ထိန်းချုပ်ထားသည့်အချိန်၌ မက်ဆေ့ချ်တစ်ခုသာ ပို့လေ့ရှိသော်လည်း သူ့စိတ်ခံစားချက်များကိုမထိန်းချုပ်နိုင်သောအခါတွင်တော့ သူသည် မက်ဆေ့ချ်များစွာကို တခါတည်း စတင်ပေးပို့လာမည်ဖြစ်သည်။

[အစ်မနဲ့ဘိုင်ကျိုးတို့က သီးသန့်တွေ့ကြတာတောင် သိရုံတင်ဆိုရင် ကျွန်တော်တို့ကရော ဘယ်လောက်ရင်းနှီးကြလဲ။]
[အနည်းဆုံး ဘိုင်ကျိုးထက်တော့ နည်းနည်းပိုရင်းနှီးကြတယ်မလား။]
[ဒါဆို ကျွန်တော်လည်း အစ်မနဲ့တွေ့ဖို့ချိန်းလို့ရတယ်မလား။]

ကျီဖန်ယင်း အံ့သြစွာ မျက်ခုံးပင့်လိုက်သည်။

သူမချက်ချင်းမတုံ့ပြန်လိုက်ဘဲ ချန်ယွမ်ရှန်း ပေးပို့ခဲ့သည့် မက်ဆေ့ချ်သုံးစောင်ကို စိုက်ကြည့်ကာ ရယ်နေခဲ့သည်။ သူမနှုတ်ခမ်းပေါ်၌ အပြုံးသည် အချိန်အတော်ကြာအောင် တည်ရှိနေခဲ့ပြီး နောက်ဆုံးမှသာ [မင်းအစ်မကိုချိန်းလို့မရဘူးလို့ တစ်ခါမှ မပြောဖူးပါဘူး။]

ကျီဖန်ယင်းသည် မက်ဆေ့ချ်နှစ်စောင်ကို ဆက််တိုက်ပို့ရန် စာရိုက်နေသည်။ သူမ ဒုတိယမက်ဆေ့ချ်ကို ပို့​တော့မည့်အချိန် 'တစ်ဖက်လူက စာရိုက်နေပါသည်...'ဟု chatထဲတွင် ပေါ်နေခဲ့သည်။

သူမသည် ဒုတိယမက်ဆေ့ချ်ကို အနည်းငယ်ကြာမှ ပို့လိုက်သည် [ဒါပေမယ့် အစ်မ သေချာပေါက် သဘောတူမယ်လို့တော့ အာမမခံနိုင်ဘူး။]

စက္ကန့်ပိုင်းအကြာတွင် အခြားတစ်ဖက်က တစ်ဝက်တစ်ပျက် [တကယ်]ဟု ပို့လာခဲ့သော်လည်း ချက်ချင်းပင် ကမန်းကတန်း ပြန်ဖျက်ခဲ့သည်။

'သူ့လက်ချော်သွားတာနေမှာ' ကျီဖန်ယင်းက ရယ်မောရင်း တွေးလိုက်သည်။

သူမ၏တက္ကစီသည် ထိုအချိန်တွင် ရောက်ရှိနေပြီဖြစ်သောကြောင့် ဖုန်းကို 'Do Not Distrub' မုဒ်သို့ပြောင်းကာ အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပြတင်းပေါက်မှတဆင့် ပတ်ဝန်ကျင်ကို ကြည့်ကာ အကဲဖြတ်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now