သူမ လေဆိပ်ဧည့်ခန်းထဲသို့ ဝင်လာသောအခါ စုန့်ရှီးယွီ၏လက်ထောက်သည် မရောက်ရှိလာသေးပေ။ သူမသည် လက်ရန်းဘေးတွင် ရပ်ကာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် ဘိုင်ကျိုးနှင့် သူမ၏WeChatထဲမှ chat boxကို နှိပ်လိုက်သည်။
သူမရဲ့မူလအတွေးက အိမ်ပြန်ရောက်တဲ့အခါကျမှ ဘိုင်ကျိုးကို ဖုန်းဆက်ပြီး အေးအေးဆေးဆေး စကားပြောကြဖို့ဆိုပေမဲ့ သူမစိတ်ပြောင်းသွားခဲ့သည်။
စုန့်ရှီးယွီ၏လက်ထောက်သည် လေဆိပ်ဧည့်ခန်းထဲသို့ မကြာမီရောက်ရှိလာသည်။ သူသည် ကျီရှင်းရှင်းထံသို့ လျှောက်သွားပြီး နှုတ်ဆက်လိုက်သည် "မစ္စကျီ၊ မစ္စတာစုန့် ကျွန်တော့်ကို မစ္စကိုလာကြိုဖို့ လွှတ်လိုက်တာပါ။ ကျေးဇူးပြုပြီး ကျွန်တော့်နောက်ကလိုက်ခဲ့ပေးပါ။ ကျွန်တော် မစ္စရဲ့ ခရီးဆောင်အိတ်ကို သယ်ပေးပါမယ်။"
ကျီရှင်းရှင်းက သူ့ကို ကျေးဇူးတင်လိုက်သည် "ကားပါကင်ရောက်ဖို့ ဘယ်လောက်လိုသေးလဲ။"
"ဆယ်မိနစ်လောက်ပါ" လက်ထောက်က လေးလေးစားစား ပြန်ဖြေသည်။
ထို့ကြောင့် ကျီရှင်းရှင်းသည် သူမ၏ဖုန်းထဲမှ လူများ၏မက်ဆေ့ချ်များကို ဆက်လက်ဖြေကြားနေလိုက်သည်။ သူမတို့ ရောက်ခါနီးမှသာ သူမသည် ဘိုင်ကျိုးကို မက်ဆေ့ချ်ပို့လိုက်သည်။
ထင်ထားသည့်အတိုင်း ကျီရှင်းရှင်းသည် စုန့်ရှီးယွီ၏ကားကိုတွေ့ပြီးနောက် မကြာမီတွင်ပဲ ဘိုင်ကျိုးဆီမှ ဖုန်းဝင်လာသည်။
စုန့်ရှီးယွီ၏ ကားအနောက်တံခါးကို ဖွင့်လိုက်ရင်း အပြုံးတစ်ခုဖြင့် ဖုန်းကို ကိုင်လိုက်သည်။ "မမ မင်းကို ကောင်းကောင်းရောက်တယ်လို့ ပြောလိုက်တာပဲလေ။ ဘာလို့ အလုပ်ရှုပ်ခံပြီး ဖုန်းခေါ်နေတာလ"
ဘိုင်ကျိုး၏အသံက မနေ့ညက တမှေးမှ မအိပ်ရသေးသည့်အတိုင်း "မမ အခုလေဆိပ်မှာလား။ အိမ်ကိုဘယ်လိုပြန်မှာလဲ"
"မမကို သေချာပေါက် လာကြိုပေးမဲ့လူရှိတာပေါ့။ စိတ်ပူမနေပါနဲ့။" ကျီရှင်းရှင်း ကားထဲသို့ ဝင်လာစဉ် စုန့်ရှီးယွီအား နှုတ်ခွန်းဆက်စကားပြောလိုက်ပြီးနောက် ဖုန်းကိုသာ အာရုံထပ်စိုက်လိုက်သည် "မင်းရဲ့အသံက နည်းနည်းအက်နေတယ်ရော်။ တစ်ညလုံး ဂိမ်းဆော့ပြန်ပြီလား။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)