အခန်း၁၁

3.1K 345 1
                                    

သုံးရက်ကြာပြီးနောက် 'အိမ်ပြန်ဖို့ရန် ဖျားယောင်းသွေးဆောင်ခြင်း' အက်ပ်၏မှတ်တမ်းကို စစ်ဆေး​ကြည့်လိုက်သောအခါတွင် တစ်ခုခုလွဲနေကြောင်း သူမသတိပြုမိခဲ့သည်။

ထို​နေ့ည၁၀နာရီဝန်းကျင် ဗီဒီယိုကောပြီးသွားချိန်တွင် ကျီရှင်းရှင်းဆီမှ စိတ်ခံစားချက်အမှတ် တစ်သိန်းခြောက်သောင်းကို ရရှိခဲ့ပြီး နောက်ထပ် အပိုမှတ်လေးတွေလည်း ရှိနေခဲ့ကြောင်း တွေ့ရှိခဲ့သည်။

ထို့အပြင် မနေ့ကလည်း စုန့်ရှီးယွီနဲ့ ကျီရှင်းရှင်းတို့ဆီမှ စိတ်ခံစားချက်အမှတ် အနည်းငယ်ရခဲ့သေးပါသည်။ ဒါက သူတို့နှစ်ယောက်ရဲ့ ပုံမှန်စကားဝိုင်းထဲတွင် သူမအကြောင်း ပါဝင်နေကြောင်း ညွှန်ပြနေသည်။

သူမသည် ထိုင်ခုံပေါ်တွင် ထိုင်ပြီး ခဏလောက် စဉ်းစားနေသည်။

ထိုဗီဒီယို​ကော​ခေါ်​နေသည့်လအတောအတွင်း ကျီရှင်းရှင်း စိတ်ထဲမှာ ဘာတွေဖြစ်နေခဲ့မှန်းကို မသိပေမယ့် အရမ်းစိတ်လှုပ်ရှားနေခဲ့တဲ့ပုံပါပဲ။ ဒီအက်ပ်စုတ်ထဲမှာ ဒါကြောင့်မလို့ စိတ်ခံစားချက်အမှတ်အတွက် ရှင်းပြပေးထားတာ ရှိနေခဲ့တာကိုး။

သြော်၊ လူတိုင်းက ဆယ်​ကျော်သက်ဒရမ်မာတွေထဲက ဇာတ်ဝင်ခန်းတွေ အတိုင်းပြုမူနေကြတာပဲ။ စစ်မှန်ဖြူစင်တဲ့ခံစားချက်တွေပါတဲ့ ဆယ်ကျော်သက်ဒရမ်ထက်စာရင် ဒီလို အစားထိုးကိုချစ်မိသွားတဲ့ ဇာတ်ကွက်တွေက ခွေးသွေးဒရမ်မာတွေနဲ့ ပိုတူတယ်မဟုတ်ဘူးလား။

ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏ စိတ်ခံစားချက်အမှတ် တစ်သိန်း​ခြောက်သောင်းကို အချိန်အတော်ကြာ စိုက်ကြည့်ခဲ့ပြီး နောက်ဆုံးတွင် ပြင်ဆင်မှုအချို့ ပြုလုပ်ရန် သူမ၏အစီအစဉ်ချထားသော စာရွက်ကို ကိုင်လိုက်သည်။

အမ်၊ ငါ ခဏခဏ သူတို့ရဲ့ခံစားချက်တွေကို မွှေပေးနိုင်ရင် အရမ်းကောင်းမှာပဲ။

သူမရဲ့ပြင်ဆင်နေရင်း တစ်ဝက်တစ်ပျက်မှာ ဖုန်းသည် ရုတ်တရက် မြည်လာတာကြောင့် စာရိုက်နေသောလက်သည် ချက်ချင်း ရပ်သွားတယ်။ သူမ၏ဖုန်းသည် လောလောဆယ်တွင် 'Do not Disturb' မုဒ်သို့ ပြောင်းထားတာကြောင့် သူမကို contactများထဲမှ အဖွဲ့တစ်ဖွဲ့သာ ဆက်သွယ်နိုင်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now