အခန်း၇၇

1.7K 234 2
                                    

ဓာတ်လှေကားမှ ထွက်လာသည့်တိုင် သူမသည် စျေးဝယ် နေဆဲဖြစ်သည်။ ဘိုင်ကျိုးရဲ့ မီးဖိုချောင်ထဲတွင် သူမ မလိုအပ်​လောက်မည့်အရာများတောင် မရှိခဲ့ပေ။ သူမ နောက်ဆုံးရောက်ခဲ့ချိန်က ဆီ၊ ဆား၊ ပဲငံပြာရည်၊ ရှာလကာရည်စသည့် ဟင်းခတ်အမွှေးအကြိုင်များကို ဝယ်ထည့်ပေးခဲ့သော်လည်း ယခုအကြိမ်တွင် ပုံမှန်အိမ်ချက် အစားအစာများကို ချက်ပြုတ်မည်ဖြစ်တာကြောင့် ထပ်လိုနေပါသေးသည်။

သေချာတာကတော့ သူ့မီးဖိုချောင်ထဲတွက် ထမင်းနှင့် ကြက်သွန်တို့ကဲ့သို့ ပါဝင်ပစ္စည်းများပင် ရှိမှာမဟုတ်ပေ။

သူမသည် လိုအပ်သမျှအားလုံးကို စျေးဝယ်တဲ့အထဲထည့်ရင်း မသိစိတ်မှ ဘိုင်ကျိုးနောက်သို့ လိုက်သွားခဲ့သည်။

ရုတ်တရက် ဘိုင်ကျိုးသည် သတိမပေးဘဲ ရပ်တန့်လိုက်တာကြောင့် သူနှင့် ဝင်တိုက်လုနီးနီးဖြစ်သွားသည်။ သူမတို့ကြားတွင် အကွာအဝေးအနည်းငယ်ရှိတာကြောင့် သူမ ကံကောင်းစွာ အချိန်မီရပ်နိုင်ခဲ့ပါသည်။

"ဘာဖြစ်လို့လဲ။"  သူမမေးလိုက်သည်။

စိတ်ပြောင်းပြီး ကျီရှင်းရှင်းနဲ့ပဲ ဂိမ်သွားကစားဖို့ ဆုံးဖြတ်ခဲ့တာလား။

ဘိုင်ကျိုးသည် လှည့်လာပြီး သူမတို့ကြားက အကွာအဝေးကို စိုက်ကြည့်နေသည်။ ထို့နောက် ဘာမှမပြောဘဲ နောက်တစ်ကြိမ် ရှေ့သို့ ထပ်လျှောက်သွားခဲ့သည်။

ထူးဆန်းတာက သူသည် ဘာမှလည်းမဟုတ်ဘဲ ရုတ်တရတ် ရပ်ခဲ့သည်။ သူမ သူ့ကို တိုက်မိမလားဆိုတာ သိချင်နေကဲ့သို့ပင်။

ကျီဖန်ယင်း "...?" သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှုဟာ ဘယ်လောက်အထိ ကျဆင်းသွားတာများလဲ။

အသက်မဲ့နေသော ဘိုင်ကျိုးသည် တံခါးလော့ခ်ဖွင့်ကာ သူ၏သားရေဖိနပ်ကို ဘေးတွင်ချွတ်လိုက်သည်။ ထို့နောက် သူသည် ဖိနပ်တစ်ရံထဲသို့ လဲကာ အိမ်ထဲသို့ ဝင်သွားသည်။

ကျီဖန်ယင်းသည် ဖိနပ်စင်ကို လှမ်းကြည့်လိုက်သော်လည်း ယခင်ကကဲ့သို့ ယောက်ျားဆိုဒ် အိမ်စီးဖိနပ်တစ်ရံသာ ရှိသည်။  ဒါကြောင့် သူမသည် နောက်ဆုံးအကြိမ်က ဝတ်ခဲ့သော ထိုဖိနပ်ကိုသာ ၀တ်ဆင်ခဲ့တယ်။ တံခါးပိတ်နေရင်း သူမသည် "မင်း အနံ့ပြင်းတာတို့၊ ညှီတာတွေတို့ မကြိုက်ဘူးဟုတ်တယ်မလား။" လို့ မေးခဲ့ပါတယ်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now