"စကားမစပ် ငါ့မှာ အမွှာရှိတယ်" ကျီရှင်းရှင်းသည် ပေါ့ပေါ့တန်တန် ဟန်ဆောင်ကာ "ငါသူ့အကြောင်း အရင်က ငါပြောဖူးလားမသိဘူး"
"... မင်းသူနဲ့ ရင်းနှီးလား" လီရှောက်ရှင်းက မေးသည်။
"အရင်ကရင်းနှီးခဲ့ပေမယ့် အခုတော့..." ကျီရှင်းရှင်း သက်ပြင်းချလိုက်သည်။ "ငါ့အစ်မက ငါ့ကို နားလည်မှုလွဲနေတဲ့ပုံပဲ။"
"အင်း"
"နောင်အခွင့်အရေးရှိရင် ငါ့အစ်မနဲ့ မိတ်ဆက်ပေးမယ်။ ငါတို့နှစ်ယောက်က အမွှာဆိုတော့ ပဲတစ်တောင့်ထဲက ပဲနှစ်စေ့လိုပဲ။" ကျီရှင်းရှင်းသည် ယခင်က ကျီဖန်ယင်းနှင့်တွေ့ဖူးခဲ့လားဆိုတာကို ဆုံးဖြတ်ရန် လီရှောက်ရှင်း၏အမူအရာကို အာရုံစိုက်ကြည့်ရှုခဲ့သည်။
သူမ၏စကားများထဲမှ ကျီဖန်ယင်းကို လီရှောက်ရှင်းနှင့် မိတ်ဆက်ပေးခြင်းကဲ့သို့သော အန္တရာယ်ရှိသော တစ်စုံတစ်ရာကို သူမ တကယ်လုပ်မည်မဟုတ်ပေ။ ဒီတိုင်း အပြောသက်သက်ပင်။
"ပဲတစ်တောင့်ထဲ ပဲနှစ်စေ့?" လီရှောက်ရှင်း ခေါင်းယမ်းကာ "မင်းလိုလူ ထပ်မရှိနိုင်ဘူး။"
တစ်ယောက်နဲ့တစ်ယောက် မတွေ့ဖူးလောက်ဘူးမလား...?
သိပ်မသေချာသေးသောကြောင့် လီရှောက်ရှင်းသည် လီရှောက်ရှင်းကို ဆက်လက်အကဲဖြတ်ခဲ့သည်။
သူမသည် ဒီလူကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် သိထားသော်လည်း၊ သူ၏ တည်ငြိမ်အေးဆေးသော မျက်နှာနောက်မှ သူ့ခံစားချက်များကို ဖတ်နိုင်ခြင်း မရှိသေးပေ။
ဒါပေမယ့် လီရှောက်ရှင်းပြောတာကို အခြေခံရင် သူမနဲ့တွေ့ဖူးခဲ့ရင်တောင် ကျီဖန်ယင်းကို စိတ်ဝင်စားတဲ့ပုံမပေါ်ပေ။
အဲဒါက ကျီရှင်းရှင်းရဲ့စိတ်ကို သက်တောင့်သက်သာဖြစ်သွားစေသည်။ သူမ၏နှုတ်ခမ်းပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာပြီး wheelchairကို ရှေ့သို့ ဆက်တွန်းလိုက်သည်။ "ငါနင့်စိတ်မချမ်းမသာဖြစ်အောင် ဘာလုပ်ခဲ့မိလဲဆိုတာ ပြောပြပါ့လား။ နင်ပြောပြမပေးရင် ပြဿနာကိုဘယ်ဖြေရှင်းလို့ရမှာလဲ။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
Fiction généraleTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)