ဘိုင်ကျိုးက မျက်နှာဖုံးကို ချွတ်လိုက်ပြီး သူမကို စိတ်ဆိုးစွာ ကြည့်ကာ "မင်းရဲ့ဖုန်းကို ငါ့ဆီပေး"
ကျီဖန်ယင်းသည် အချိန်ကို ငုံ့ကြည့်ကာ "ဆယ့်နှစ်နာရီ မထိုးသေးဘူး" ဟု တည်ငြိမ်စွာ ပြန်ပြောသည်။
သူမသည် အလုပ်ချိန်ကို အလွန်ဇီဇာကြောင်စွာ တိကျသည်။ သူမ၏အလုပ်ချိန်သည် ယနေ့မွန်းတည့် ၁၂နာရီတွင်စတင်ပြီး ၁၇ရက်နေ့မှ ပြီးဆုံးမှာဖြစ်သည်။
ဘိုင်ကျိုးသည် ကိုယ်ပိုင်ဂျက်လေယာဉ်ပေါ်မှ ဒစ်ဂျစ်တယ်နာရီကို တစ်ချက်ကြည့်လိုက်ပြီး စိတ်တိုစွာ နှာရှုံ့လိုက်သည်။
အလုပ်မစခင် နောက်ဆုံးမိနစ်အနည်းငယ်ကိုသုံးပြီး ကျီဖန်ယင်းသည် ဖောက်သည်ကို မေးမြန်းဖို့ ဆုံးဖြတ်လိုက်တယ်။ "သူ့မွေးနေ့ကို လုပ်ပေးချင်လို့လား"
ဘိုင်ကျိုးသည် ဆိုဖာပေါ်တွင် လှဲလျောင်းပြီး သူ့လက်နှစ်ဖက်ကို ပိုက်ကာ "ဘာဖြစ်လို့လဲ"
"နည်းနည်းဝေခွဲလို့မရဖြစ်နေလို့" ကျီဖန်ယင်းက ရိုးရိုးသားသား ပြန်ဖြေတယ်။
"မင်းက အစားထိုးလုပ်ပေးရုံပဲလေ" ဘိုင်ကျိုးက လှောင်ပြောင်စွာ "ဘာကိုဝေခွဲမရဖြစ်စရာအကြောင်းရှိလို့လဲ။"
"သူ့မွေးနေ့ဆိုတော့ ပိုက်ဆံအများကြီးပိုရအောင် လေလံပစ်ခဲ့သင့်တာလို့" ကျီဖန်ယင်းသည် သူမလုပ်နိုင်ခဲ့မည်များကို အမြန်ပြန်သုံးသပ်ကာ "ရက်ကို ဂရုမစိုက်လိုက်မိတာ ငါ့အမှားပဲ"
စန်းရှန်းရန်ကို ဘေးဖယ်လိုက်လျှင် စုန့်ရှီးယွီသည် လေလံဆွဲချင်လိမ့်မည်။
ကျီဖန်ယင်းသည် သူမ၏ပေါ့ဆမှုကြောင့် ဆုံးရှုံးခဲ့ရသည့်အမြတ်အတွက် စိတ်ထဲတွင် ငိုကြွေးလိုက်သည်။
ဘိုင်ကျိုး ဆွံအသွားသည်၊ "ငါမင်းကို လုံလုံလောက်လောက် မပေးခဲ့ဘူးလား"
" 'ငွေပိုရလို့ စိတ်ညစ်တယ်' လို့ ဘယ်သူမှ မပြောကြဘူး။ မင်းရဲ့ချမ်းသာပြီးသား မိဘတွေတောင် ဝင်ငွေပိုရဖို့ ကြိုးကြိုးစားစား အလုပ်လုပ်နေကြသေးတယ် မဟုတ်ဘူးလား" ကျီဖန်ယင်းက ဆက်ကာ "ပြီးတော့ ငါငွေကိုအရေးတကြီးလိုနေတာ။"
YOU ARE READING
တစ်နာရီတစ်သိန်း အစားထိုးချစ်သူ
General FictionTitle - 100000/ Hour Professional Stand-in {职业替身,时薪十万} Author - 渊爻 THIS IS NOT MY WORK JUST TRANSLATION CREDIT TO ALL AUTHOR AND TRANSLATOR(s)