အခန်း၁၉၅

827 110 0
                                    

ကျီရှင်းရှင်းသည် နောက်ဆုံးအကြိမ် တရုတ်သို့ပြန်လာစဉ်က စိတ်ထဲမတင်မကျဖြစ်ခဲ့ရသော်လည်း အရာအများစုသည် သူမလက်ထဲရှိနေဆဲဆိုတာကို ယုံကြည်ခဲ့သည်။

သို့သော်လည်း ကျောင်းသားလဲလှယ်ရေး အစီအစဉ်တွင် ပါဝင်ရန်ကို ရုတ်ချည်း ဆုံးဖြတ်ခဲ့တာကြောင့် လုပ်ထုံးလုပ်နည်းများကို အချိန်မီ လုပ်ဆောင်ရန် ပင်ပန်းခဲ့ရပါသည်။

တခြားကျောင်းသားတွေနဲ့အတူ လေယာဉ်ပေါ်တက်ပြီးနောက် မကြာခင်မှာပဲ ထိုင်ခုံတွင် အိပ်ပျော်သွားခဲ့သည်။

သူမဘေးမှာထိုင်နေတဲ့ လူငယ်က လေယာဉ်ဝန်ထမ်းကို ယဉ်​ကျေးစွာ ​စောင်တစ်ထည် တောင်းလိုက်ပြီး ကျီရှင်းရှင်းအပေါ်မှာ တင်​ပေးထားလိုက်သည်။

တိုက်ကြီးတစ်ခုနှင့်တစ်ခုဆီသို့ ပျံသန်းသော လေကြောင်းလိုင်းများသည် မြင့်မားစွာ ပျံသန်းလေ့ရှိသောကြောင့် လေယာဉ်ခန်းထဲတွင် အေးနေခြင်းမှာ မထူးဆန်းပေ။

အနီးနားရှိ ကျောင်းသားတစ်ဦးက လူငယ်ကို လှမ်းဆွဲကာ "လီယမ်၊ ငါတို့က ရှင်းရဲ့ မွေးရပ်မြေကို သွားနေတာဆိုတော့ တကယ်လို့ ငါတို့ကို သူ့အိမ်ဆီ ဖိတ်ရင် သူ့မိဘတွေနဲ့ တွေ့လောက်မှာနော်။"

လီယမ်သည် ကျောင်းသားကို စူးစူးရဲရဲကြည့်ကာ "ရှူး ဒီ​ကျောင်းသားလဲလှယ်ရေး လုပ်ငန်းဆောင်ရာတွေကို အလျင်စလိုလုပ်လိုက်ရလို့ သူအခုပင်ပန်းနေတယ်။ ကောင်းကောင်း အနားယူပါစေ။"

"ဟုတ်ပါပြီ ဟုတ်ပါပြီ။ မင်းတို့နှစ်ယောက်က တစ်မိုးတည်းအောက်မှာ အတူနေကြတာဆိုတော့ ပင်ပန်းတာ၊ မပင်ပန်းတာကို ငါကမင်းလို သိပါ့မလား။ ဟားဟားဟား!"

အတူတူထိုင်နေကြသော လူငယ်အုပ်စုသည် အလွယ်တကူ မငြိမ်သွားနိုင်​ကြပေ။ အနီးနားရှိ ကျောင်းသားများသည် လီယမ်နှင့် ကျီရှင်းရှင်းကို စူးစိုက်ကြည့်ကာ ခေါင်းညိတ်လိုက်ကြသည်။

လီယမ်က သူတို့ကို လျစ်လျူရှုရန် ဆုံးဖြတ်လိုက်သည်။ သူသည် ခဏလောက်တုံ့ဆိုင်းသွားပြီးနောက် ကျီရှင်းရှင်း၏ ဦးခေါင်းကို သူ့ပခုံးပေါ် ညင်သာစွာ တင်လိုက်သည်။ ထို့နောက် သူနှင့်အတူ ယူလာသော စာအုပ်တစ်အုပ်ကို ထုတ်ကာ စတင်ဖတ်ရှုခဲ့သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now